N T M Y(3)

11K 961 9
                                    

(Zawgyi)

ရှောင်းကျန့်​ရှပ်​အင်္ကျီအကွက်​အဝါ​လေးနဲ့ ​အမဲ​ရောင်​​ဘောင်းဘီတို ဒူး​လောက်​​လေးကို ဦးထုပ်​အနီ​လေး​နောက်​ပြန်​​​ဆောင်းကာ လက်​ထဲမှာလဲ အဝါ​ရောင်​စက်​ဘီး​လေးတွန်းပြီးခြံထဲမှာထွက်​လာ​လေသည်​။

မျက်​လုံးကလဲ ရိ​ပေါ်အိမ်​ကို လှမ်း​ချောင်း​နေ​သေးသည်​...

"မရှိဘူးလား မသိဘူး"
.
.
.
.
စက်​ဘီး​လေးစီးကာသွား​နေသည့်​​ကောင်​​လေးဟာ ​နေ​ရောင်​ကြည်​​လေး​တွေမျက်​နှာ​ပေါ်ဖြာကျ​နေသဖြင့်​ လည်​ပြန်​​ငေးရ​လောက်​​အောင်​ အင်​မတန်​မှ ချစ်​ဖို့်​ကောင်းလွန်း​နေသည်​။

ရှောင်းကျန့်​ market​ရှေ့​ရောက်​​တော့ စက်​ဘီးရပ်​လိုက်​ကာ..

marketထဲအဝင်​..

ဒုန်း!!!

"အ!!"

"​တောင်းပန်​ပါတယ်​ တကယ်​​တောင်းပန်​ပါတယ်​​​နော်​"

"ရတယ်​ မျက်​လုံးကဘယ်​ကြည့်​​နေမှန်းမှမသိတာ ​ရှေ့မကြည့်​ဘဲ!"

"ကျ​တော်​လဲ ကြည့်​တာပဲ​လေ အမှတ်​တမဲ့ဝင်​တိုက်​မိတာပဲကို!!"

"အဆင့်​ကို မရှိဘူး!"

"ဘာ!! ဒီမှာခင်​ဗျား!"

ရှောင်းကျန့်​​ပြောဖို့ ပြင်​လိုက်​​ပေမဲ့ အဲ့အမျိုးသမီးကဆိုင်​ထဲကထွက်​သွား​လေပြီ။

ဒါ​လေးဝင်​တိုက်​မိတာကို ​တောင်းလဲ​တောင်းပန်​ပြီးပြီးပဲကို စိတ်​ပျက်​ဖို့​ကောင်းလိုက်​တာ..

ပွစိပွစိ​ပြောပြီး တွန်းလှည်း​လေးတွန်းကာ​လျှောက်​ကြည့်​​နေတဲ့​ကောင်​​လေးကို ​ငေးကြည့်​​နေတဲ့သူတစ်​​ယောက်​..

"ချစ်​စရာ​လေး"

ထိုသူသည်​ အဲ့စကားတစ်​ခွန်းသာ​ပြောပြီး ချစ်​စရာ​ကောင်​​လေး​နောက်​ပတ်​လိုက်​​နေသည်​ကို​တော့ ထို​ကောင်​​လေးမသိ​သေးပါ။

စပ်​စလူး​ရှောင်းကျန့်​​လေးမှာ စပ်​စလူးလို့်​မ​ပြောရဘူး မုန့်​​တွေကိုအ​ငေးလွန်​ပြီး တွန်းလှည်းလက်​ကလွတ်​သွားတာကိုမသိဘဲလှည်းကိုလှမ်းအကိုင်​ ​ခြေ​ချော်​ပြီး ​မှောက်​လဲခါနီး..

Nice To Meet YouWhere stories live. Discover now