(Zawgyi)
ရိပေါ် ရှောင်းကျန့်ကိုခေါင်မိုးထပ်ခေါ်လာပြီး နံရံမှာဆွဲကပ်လိုက်သည်..
"မင်း!!"
ပြောဖို့်ပြင်နေတဲ့ရှောင်းကျန့် ပါးစပ်ကိုရိပေါ်လက်တစ်ဖက်နဲ့အုပ်လိုက်ပြီး နောက်လက်တစ်ဖက်ကို နံရံမှာထောက်လိုက်ကာ..
"မပြောနဲ့အုံး ငါပြောတာ အရင်နားထောင်"
"..........."
"ငါ့မားမား မနက်ကသူ့ဆီလာခိုင်းလို့သွားတော့Xuanက မားမားအိမ်မှာငါ့ကိုကျောင်းသွားဖို့စောင့်နေတာမလို့ မားမားကခေါ်သွားခိုင်းတာ အဲ့ကြောင့်ငါခေါ်လာရတာပါ။သူကအရင်ကငါတို့ကျောင်းကမဟုတ်ပေမဲ့ ခုတက်ချင်တယ်ဆိုပြီးပြောင်းလိုက်တယ်လေ ပြီးတော့သူ့ကိုဒီတစ်နေ့ပဲခေါ်မှာပါ နောက်နေ့တွေကမင်းနဲ့ပဲသွားမှာ"
ရှောင်းကျန့် ရိပေါ်သူ့ပါးစပ်ကိုအုပ်ကိုင်ထားတဲ့လက်ကို အတင်းဆွဲဖယ်လိုက်ပြီး...
"မင်းကို ငါမေးလို့လား?? မင်းဘာလို့အဲ့တာတွေလာပြောပြနေရတာလဲ?? ငါ့ကိုဘာလို့လာမခေါ်လဲမေးလို့လားလို့!!!"
ရှောင်းကျန့် မျက်ရည်တွေဝဲပြီး အော်လိုက်တာကြောင့် ရိပေါ်နောက်နဲနဲဆုတ်လိုက်ကာ..
"ငါ..ငါမင်းမမေးမှန်းသိပါတယ် ဒါပေမဲ့ မင်းစိတ်ဆိုးမှာဆိုးလို့.."
"ငါစိတ်ဆိုးလဲ မင်းနဲ့ဆိုင်လို့လား မဆိုင်ဘဲနဲ့ဘာလို့.."
"ရိပေါ်ငါ့ကို ကျောင်းထဲတွေလိုက်ပြမယ်ဆို!"
Xuanဆိုတဲ့မိန်းကလေးရောက်လာပြီး ပြောလာတာကြောင့် ရှောင်းကျန့်ပြောနေတဲ့စကားတွေ ရပ်သွားရသည်။
"အင်း ရှောင်းကျန့်ငါသွားလိုက်အုံးမယ်နော်"
ကျောခိုင်းသွားတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မျက်ရည်တွေမထိန်းနိုင်တော့ဘဲ ကျလာတော့တယ်။ရှောင်းကျန့်လဲနှစ်ခါမစဉ်းစားတော့ဘဲ..
"ဝမ်ရိပေါ်ငါမင်းကို ချစ်တယ်။ငါမင်းကိုချစ်တယ်လို့ အဲ့ကြောင့်ငါ့ကိုဒီလိုတစ်ယောက်ထဲကျောခိုင်းပြီး မထားခဲ့ပါနဲ့!!"
