"ကျန့်ကျန့် ဘယ်ကပြန်လာတာလဲ??"
အိမ်ထဲဝင်ဝင်ခြင်းမေးလာတဲ့မားမား..
"ရိပေါ်အိမ်ကလေ မားမား"
"လာပါအုံးမားမားဆီ.."
"ဟုတ်.."
ဆိုဖာပေါ်ထိုင်နေတဲ့မားမားနား ရှောင်းကျန့်သွားထိုင်လိုက်တယ်..
"မနက်ကသူ့အိမ်ကိုဘယ်သူလာတာလဲ ကျန့်ကျန့်"
"ဟင်...အဲ့တာက ဟို.."
ပြောဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ရှောင်းကျန့်ကြောင့် ရှောင်းကျန့်မားမားပြုံးလိုက်ကာ..
"ပြောပါသားရဲ့.."
"သူ့မိဘတွေပါမားမား.."
"အော်...."
"မားမား သားဝင်ခံစရာရှိတယ်"
ရှောင်းကျန့်မျက်နှာကလုံးဝကိုဆုံးဖြတ်ချက်ချထားတဲ့ပုံစံဖြစ်နေတာကြောင့် သူ့မားမားကလဲစိတ်ဝင်တစားကြည့်လာလေသည် ..
"ဟိုလေ သားနဲ့ရိပေါ်ချစ်သူတွေဖြစ်သွားပြီမားမား..အဲ့တာကိုသူ့မိဘတွေသိသွားပြီးမနက်ကလာဆူကြတာ.."
"ဟုတ်လား?? ရိပေါ်ကရောသူ့မိဘတွေကိုဘာပြန်ပြောလဲသူ့ကိုဆူတော့"
"ရိပေါ်ကတော့လုံးဝသားဘက်ကပေါ့ သူ့မိဘတွေရှေ့မှာသားဘက်ကရပ်တည်ပေးခဲ့တာ"
ဂုဏ်ယူနေတဲ့မျက်နှာလေးနဲ့ပြောလာတဲ့သားရဲ့ခေါင်းလေးကို ရှောင်းကျန့်မားမား ကိုပွတ်ပေးရင်း..
"မားကတော့သားတို့ကိုမကန့်ကွက်ပါဘူး သဘောတူတယ်"
"သားသိတာပေါ့ ဟီး😁😁 ချစ်တယ်နော်မား"
သွားလေးတွေပေါ်သည်အထိ ရှောင်းကျန့်ရယ်ပြလိုက်ပြီး မားမားရင်ခွင်ထဲဝင်ကာဖက်ထားလိုက်သည်။
"သားဘယ်လိုလုပ်မလဲ??မားက သားနဲ့ရိပေါ်ကိုသဘောမတူဘူးဆိုရင်ရော.."
"အန်တီသားနဲ့ရှောင်းကျန့်ကို သဘောတူပေးပါနော်!!"
ရိပေါ် ရှောင်းကျန့်ကျန်ခဲ့တဲ့phကိုလိုက်ပေးရင်းအိမိထဲအဝင် ကြားလိုက်ရတဲ့စကားကြောင့် အလျင်အမြန် ဝင်ပြောလိုက်ခြင်းဖြစ်သည်။
