(Zawgyi)
"ရှောင်းကျန့်တော်တော့!!"
ဝိုင်တွေအရမ်းသောက်နေသောရှောင်းကျန့်ကို ရိပေါ်တားလိုက်တော့ ပြန်ကြည့်လာတဲ့ပုံကခွေးပေါက်လေးကိုက်တော့မဲ့ပုံစံလေးဖြင့်..
"မင်းဘာလို့ အဖက်ခံတာလဲ!!??"
ရှောင်းကျန့်ခုနက မြင်ကွင်းကိုလုံးဝမကျေနပ်တာကြောင့် အရမ်းသောက်နေခြင်းဖြစ်သည်။ဘာလို့မှန်းမသိ အဲ့လိုမြင်လိုက်ရတာ သူ့ရင်ထဲပူလောင်နေသည်။
ရိပေါ် ရှောင်းကျန့်မေးလိုက်တဲ့စကားကြောင့် ကြောင်သွားပေမဲ့..
"ငါတွန်းလိုက်တယ်လေ"
"ငါမကြိုက်ဘူး ငါမကြိုက်ဘူးလို့"
ပြောပြီး ဝိုင်ပုလင်းလိုက်မော့နေပြန်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်အသည်းယားလာ၍ ပုလင်းကိုဆွဲလုလိုက်ကာ..
"မသောက်နဲ့တော့.."
"သောက်မှာကွာ မင်းကိုလဲမုန်းတယ် ဟိုမိန်းမကိုလဲမုန်းတယ်!!"
ပြောလဲပြော ရိပေါ်လက်ထဲကပုလင်းကိုလဲပန်လုပြီး သောက်လဲသောက် ထိန်းမနိုင်ဖြစ်နေသော ရှောင်းကျန့်လေးပါ။ရိပေါ်လဲမပြောတော့ဘဲ ထိုင်သာကြည့်နေလိုက်တော့သည်။ဝိုင်ပုလင်းတွေလဲကုန် ရှောင်းကျန့်လဲမှောက်နေပြီဖြစ်တာကြောင့်..
"ရှောင်းကျန့်ပြန်ရအောင် ရှောင်ကျန့်!"
နှိုးလို့ကိုမရတော့တာကြောင့် ရိပေါ်လဲ ရှောင်းကျန့်ကိုကုန်းပိုးလိုက်ပြီး ကားဆီခေါ်သွားလိုက်သည်။ဝိုင်းကြည့်နေကြတဲ့ သူတွေကိုလဲ သူစိတ်မဝင်စားပါ။
ကားပေါ်ရောက်တော့ ကားမမောင်းသေးပဲ ရိပေါ် ရှောင်းကျန့်မျက်နှာလေးကို သေချာကြည့်နေမိသည်။ပါးလေးနှစ်ဖက်ရဲပြီး ပါးစပ်ကလဲပွစိပွစိပြောနေသေးပုံထောက်ရင် ခုနကိစ္စကိုလဲမကျေနပ်သေးပုံပဲ သူလေးဘာလို့စိတ်တိုနေရတာလဲ မနက်မှမေးရမယ်။ရိပေါ်လဲ ဆက်ကြည့်နေရင်ဘာလုပ်မိမှန်းမသိတော့တာကြောင့် မကြည့်တော့ဘဲ ကားမောင်းထွက်လာလိုက်သည်။
.
.
အိမ်ရောက်တဲ့ထိမနိုးသေးတာကြောင့် ရိပေါ်လဲနှိုးမနေတော့ဘဲ ကုန်းပိုးလိုက်ပြီး ဘဲလ်တီးလိုက်တော့..
![](https://img.wattpad.com/cover/197530398-288-k909748.jpg)