(Zawgyi)
ရှောင်းကျန့် ရိပေါ်ဆီကပြန်လာပြီး TVကြည့်နေတဲ့ သူ့မားမားနားသွားလိုက်ကာ..
"မား မေးစရာရှိလို့"
မားမားက ရှောင်းကျန့်ခေါ်သံကြောင့်TVကြည့်နေရာမှမော့ကြည့်လာသည်။
"မေးလေ ကျန့်ကျန့်"
"ဟိုလေ..ဟို"
ရှောင်းကျန့်သူ့မားမားဘေးဝင်ထိုင်လိုက်ကာ လက်မောင်းလေးကိုဖက်လိုက်ပြီး သူ့ပါးလေးနဲ့ပွတ်နေလေသည်။ရှောင်းကျန့်မားမားကလဲ တပြုံးပြုံးနဲ့ ရှောင်းကျန့်ခေါင်းလေးကိုဖွဖွလေးပွတ်လိုက်ပြီး..
"မေးစရာရှိတာပွင့်ပွင့် လင်းလင်းမေးပါကျန့်ကျန့်လေးရယ်"
"ဟီး😁😁သားလေ လူတစ်ယောက်ကိုအမြဲသတိရနေတယ်။သူ့ကိုဘယ်ချိန်ုကြည့်ကြည့် ကြည့်ကောင်းတယ် ချောတယ်လို့ပဲမြင်နေတယ် ပြီးတော့ ရည်းစားထားခဲ့ဖူးမှာလဲကြောက်နေတယ် မိန်းကလေးနဲ့စကားပြောတာလဲ မကြိုက်ဘူး အဲ့ဒါသားဘာဖြစ်နေတာလဲဟင်"
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ မေးလာတဲ့သားဖြစ်သူကို ရှောင်းကျန့်မားမား ပြုံးပြလိုက်ပြီး..
"အဲ့တာ ဟိုကောင်လေးမလား"
"မားမား ဘယ်လိုသိတာလဲ?"
ပါးစပ်လေးဟပြီး မျက်လုံးလေးပြူးကာအံ့သြနေတဲ့ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်ကိုရှောင်းကျန့်မားမားသူ့လက်လေးနဲ့အုပ်ကိုင်လိုက်သည်..
"သားကိုမားမားမွေးထားတာလေ သိတာပေါ့"
"အဲ့ဆို သားဘာဖြစ်နေတာလဲမားမား"
"သား သူ့ကိုသံယောဇဉ်ရှိနေတာလေ"
"ဟင်.."
"ချစ်နေပြီဆို ပိုမှန်တာပေါ့"
"သားကသူ့ကို ချစ်တယ်မဖြစ်နိုင်ပါဘူး"
"အဲ့တာတော့ မားမားမပြောလဲ သားဘာသာအသိဆုံးနေမှာပါ"
မားမားကရှောင်းကျန့်ကို ပြုံးစိစိနဲ့ သူပြောတာမှန်ပါတယ်ဆိုတဲ့ပုံစံဖြင့်ကြည့်နေတာကြောင့် ရှောင်းကျန့်ရှက်ပြုံးလေးပြုံးလိုက်ပြီး သူ့မားမားရင်ခွင်ထဲဝင်ကာ ဖက်ထားလိုက်သည်..
