N T M Y(Final)

12.3K 716 27
                                    

(Zawgyi)

Wedding Day👨‍❤️‍👨👨‍️‍💋‍👨,

အပြင်ကခေါ်နေပြီပေမဲ့ ရှောင်းကျန့်မင်္ဂလာခန်းမထဲဝင်ရမှာရင်ခုန်နေသည်။ ခုနကလဲ ရိပေါ်ကလာပြီး စိတ်လျှော့ထား အရမ်းကြီးစိတ်မလှုပ်ရှားဖို့ ပြောထားတာကြောင့် ရှောင်းကျန့်စိတ်လျှော့လိုက်ပြီး အဝတ်လဲခန်းထဲကထွက်လိုက်ကာ မင်္ဂလာခန်းမဆီတစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ရိပေါ် သူ့ဆီကို လျှောက်လာတဲ့ရှောင်းကျန့်ကိုကြည့်ပြီး အသက်ရှုဖို့ပင်မေ့နေခဲ့သည်..

လှရက်လို်က်တာကွာ တကယ်ကိုနတ်သားလေးလိုပဲ..

သူ့ကိုမျက်တောင်မခတ်ကြည့်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရှက်လာပြီး လက်ထဲကပန်းစည်းအဖြူလေးကို ကျစ်နေအောင်ကိုင်ထားမိသည်။

ရှောင်းကျန့် ရိပေါ်နားရောက်သွားတော့ လက်ကိုကိုင်ပြီး နားနားကပ်ကာ အရမ်းလှတယ်လို့ပြောလာတာကြောင့် ရှောင်းကျန့်အောက်နှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး မျက်စောင်းနုနုလေးထိုးလိုက်သည်။

"ဟွန့် ပိုကိုပိုတယ်.."

လက်ထပ်လက်စွပ်အပြန်အလှန် ဝတ်ပေးပြီးအကြင်နာအနမ်းလေးခြွေနေသည့် ကောင်လေးနှစ်ယောက်ကို လူအများကလက်ခုပ်တီးပြီး အားပေးနေကြသလို ထိုကောင်လေးနှစ်ယောက်၏မျက်နှာပေါ်၌ အပြုံးလေးတွေကလဲ လှပစွာတည်ရှိနေသည်။

Honeymoon ကိုလဲကိုရီးယားက ဂျယ်ဂျူ ကိုသွားချင်တယ်ဆိုပြီး ပူဆာထားတဲ့ကျန့်ကျန့်ကြောင့် ကိုရီးယားကဂျယ်ဂျူကိုပဲ ထွက်လာခဲ့လိုက်ကြသည်။

လေယာဉ်ပေါ်ရောက်တော့...

"ကို ချစ်လား??"

ထိုင်ခုံမှာထိုင်ပြီး ၅မိနစ်အကြာလက်မောင်ယကိုဖက်ကာ ပုခုံးပေါ်မှီရင်းမေးလာ၍ ရိပေါ်ပြုံးလိုက်ပြီး..

"ဘယ်သူ့ကိုလဲ??"

"ဘာကိုလဲ?!"

"အွန်းလေ ကျန့်ကျန့်ကချစ်လားပဲမေးတာလေ ဘယ်သူ့ကိုလို့မှမပြောတာ"

"သိရက်နဲ့.."

"မသိပါဘူး.."

"ကိုနော်!! သွားမခေါ်တော့ဘူး"

Nice To Meet YouWhere stories live. Discover now