Part 1

4.3K 281 15
                                    

(Zawgyi)

~Jung အိမ်တော်ကြီး၏တစ်ဦးတည်းသော
သားဖြစ်သူ Jung Hoseok ပျောက်ဆုံး~

သတင်းအပြီး အထက်တန်းစား လူချမ်းသာတို့ကြားတွင် လှုပ်လှုပ်ရှားဖြစ်လာကြသည်။ Jung အိမ်တော်၏အမွေကို ဆက်ခံမည့် ဆက်ခံသူပျောက်သွားရခြင်းဟာ ပါးစပ်ဖျားတွင် ပြောလို့အကောင်းဆုံး အကြောင်းအရာပင်။ Jung အိမ်တော်သည် ဤမျှအရေးပါလှသည်။

ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း၊ ဘဏ်ဆိုင်ရာချေးငွေလုပ်ငန်း နှင့် လက်ဝတ်အဆင်တန်ဆာ company ဖြစ်သော Jung company ကြီးတို့ကိုလည်း Jung အိမ်တော်ကပိုင်ဆိုင်ထားသည်။ နိုင်ငံစီးပွားရေး အချက်အချာ အားလုံးကို Jung အိမ်တော်က Jung သူဌေးကြီးက ပိုင်ဆိုင်လေသည်။ ထိုလုပ်ငန်းတွေကို နောင်တစ်ချိန်ဦးဆောင်မည့် အနာဂတ် ကြယ်ပွင့်ဟာဖြင့် လက်သည်မပေါ်ဘဲရုတ်တရက် အစတောင်ရှာမတွေ့ပဲ ပျောက်ဆုံးသွားခြင်းဟာ အကြောင်းမလှခဲ့။

သူအခုဘယ်မှာများလဲ။ အသက်ရှင်ရက်ရော ရှိနေရဲ့လားဆိုတာ ခုထက်ထိတော့ ဘယ်သူမှမသိနိုင်သေးချေ။

~•~•~•~•~•~•~•~

သုံးနှစ်အရွယ်ကလေးလေးတစ်ဦး အိမ်ကနေလမ်းပျောက်ကာ ခြေဦးတည့်ရာလျှောက်သွားနေသည်။ ခုချိန်တွင်အကြောက်လွန်ကာ Appa ဆိုသော စကားတစ်ခွန်းတည်းကိုသာ တဖွဖွရွတ်နေရသည်။ ညအချိန်မှောင်လာပြီမို့ ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်နေကာ မျက်ရည်လည်ရွဲနဲ့လျှောက်သွားနေသော ကလေးတစ်ယောက်ရဲ့ငိုသံကိုသာ ပဲ့တင်ထပ်လျက်ကြားနေရသည်။ ဘေးကမြင်သူမည်သူမဆို ထိုကလေးအားသနားမိမှာအမှန်ပင်။

"ဗုန်း...."

ကားလမ်းဘေးတွင် တစ်နေကုန်ဆာလောင်နေမှုကြောင့် အားပြတ်ကာ ထိုကလေးငယ်ဟာ ပစ်လဲကျသွားသည်။ ထိုစဉ်ကုန်တင်ကားတစ်ဦးပေါ်မှ အဘိုးကြီးတစ်ယောက် အမြန်ပြေးဆင်းလာကာ ထိုကလေးဆီသွားလေသည်။

"ဟေ့ လူလေး ထပါဦး သတိကောရှိသေးရဲ့လား"

မှောက်လျက်လဲကျနေသော ကလေးငယ်ကို ပေါင်ပေါ်သို့ တင်လိုက်သည်။ နှာခေါင်းကိုလက်နဲ့စမ်းကြည့်တော့ အသက်ရှုသေးသည်။ ဒီထက်တော့ပိုနောက်ကျလို့မဖြစ် အသက်ဆုံးသွားလိမ့်မည်။ ဒါကြောင့်ကလေးကိုချီကာ နီးစပ်ရာဆေးရုံသို့ အမြန်မောင်းခဲ့လိုက်တော့သည်။

Perfect Stranger (Completed) Where stories live. Discover now