Part 10

1K 169 5
                                    

(Zawgyi)

"သူဌေး စုံစမ်းခိုင်းထားတာရပါပြီ"

အတွင်းရေးမှူးဟာ သူဌေးJung ကို စာအိတ်လေးတစ်အိတ် ကမ်းပေးလိုက်သည်။

"သက်သေတွေလည်းအကုန်ခိုင်လုံပါတယ် တစ်ဦးသော မျက်မြင်သက်သေကလည်း ပြောပြပြီးပါပြီ အကြောင်းအရာအားလုံးကို ခြုံငုံဆက်စပ်လိုက်ရင် Kim Taehyung ရဲ့ ခင်ပွန်းဟာ သူဌေးရဲ့သား Jung Hoseok ဖြစ်နိုင်ပါတယ် ။သူဌေးဒီထက်သေချာချင်ရင် DNAစစ်ကြည့်လို့ရပါတယ်"

သူဌေးJungဟာ စာအိတ်ထဲတွင်ပါလာသော CCTV ဓာတ်ပုံတွေနှင့် သူ့မိန်းမ၏မသမာမှုတစ်ချို့ ဒါတွေကိုအချိန်အကြာကြီး မသိခဲ့တဲ့သူ့ကိုယ်သူ နာကျည်းမိသည်။သူ့ကြောင့် သူ့သားလေး  ဒီလိုအဖြစ်မျိုးကြုံခဲ့ရတာ ။

"ကားအသင့်ပြင်ထား ငါ့သားကိုပြန်ခေါ်မယ်"

သူဌေး Jung သူ့သားကိုမွေးစားခဲ့သော ရွာဘက်ကအဖိုးဆီရောက်နေသည်။ သူ့သားလေးဟာ ဒီလိုနေရာမျိုးမှာ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရတာ သူ့ဟာအသုံးမကျတဲ့အဖေတစ်ယောက်ပါလား။

"ဒီကအဖိုးက Hoလေးရဲ့ အဖိုးပါလား"

"ဟုတ်တယ်ကွဲ့ မြေးလေးကိုသိလို့လား"

"ဟုတ်ကဲ့ ကျွန်တော်က သူ့အဖေအရင်းပါ"

အဖိုးဟာလုံးဝကိုအံဩသွားရသည်။ သူ့မြေးလေးဟာ ဒီကားအကောင်းစားကြီးနဲ့ ဝတ်ကောင်းစားကောင်း လူကြီးရဲ့ သားပါလား။ သူ့မြေးလေးအတွက် သူတအားပျော်ရွှင်ရပါသည်။ အခုလို မိသားစုနဲ့ပြန်ဆုံရတဲ့အတွက် သူလည်းတကယ်ဝမ်းသာရပေသည်။

"မြေးလေးက တအားသိတတ်တာ လိမ်လည်းလိမ်မာတယ် ငယ်ငယ်ကပုံလေးတွေရှိတယ်"

အဖိုးဟာ ရောက်ကတည်းကမနားတမ်း ဒလဟောကို ပြောတော့သည်။ သူ့သားလေး Hoseok ဟာကံကောင်းတယ်လို့ သူဌေး Jung တွေးမိသည်။ သူသားလေးကိုဒီလို မြေးအရင်းလိုချစ်ပေးတဲ့ လူတစ်ယောက်ဆီရောက်သွားခဲ့တာ ဒါပေမယ့် သူ့သားလေးကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကိုတော့ အပြစ်ပေးရဦးမည်။

သူဌေးJung အဖိုးဆီကအပြန် လုံးဝကိုပျော်ရွှင်နေသည်။ သူများလက်ပေါ်မှာ ကြီးလာခဲ့ရပေမယ့် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတဲ့သူ့သားဟာ သူ့ဆီပြန်ရောက်လာတော့မည်။ သူဌေး Jungဟာ လက်ထဲက သူကိုယ်တိုင်ငယ်ငယ်က ဝယ်ခဲ့ပေးသော ဘောလုံးလေးကိုကိုင်ရင်း ပြောလိုက်သည်။

Perfect Stranger (Completed) Tempat cerita menjadi hidup. Temukan sekarang