(Zawgyi)
Taehyung တောရွာတစ်ခုဘက်သို့ရောက်နေသည်။ သူ့ညီပြောပြသောကြောင့် လိမ်ခံရသည့် တောင်သို့စုံစမ်းရန်ရောက်လာခြင်းဖြစ်သည်။
"Taehyung ဒါကြီးကဘာလုပ်ဖို့လဲ"
လက်ထဲကခရီးဆောင်အိတ်ကြီးကိုကိုင်ကာ အမေးပေါင်းတစ်ရာ မေးနေသော ကင်ဘူဂျာ။ အတော်လည်းမေးနိုင်ပါ့။ ဒီလောက်ပူရတဲ့ကြားထဲ မမောနိုင်ဘူးလားမသိ။
Taehyung ကတော့ လွယ်အိတ်လေးကိုင်ကာ ယပ်တောင်တစ်ဖက်နဲ့ စမ်းတဝါးဝါးတော့ရောက်လာသည်။ ဒီလူကြီးကလည်း ထားခဲ့လို့မဖြစ် နေရာကလည်းစိမ်းတော့ မလည်မဝယ်နဲ့ ပြဿနာဖြစ်ရင် ဟုတ်ချေမည်။ ဒါကြောင့် သူနဲ့တစ်ပါတည်း ခေါ်ခဲ့လိုက်တော့သည်။
မြို့ပေါ်မှာချည်းဘဲနေရသူအဖို့ ဒီလိုကျေးလက်တောရွာလေးဟာ တစ်မျိုးထူးဆန်းနေသည်။ ဖုန်မှုန့်တွေရှိနေတဲ့ လေအစား သန့်ရှင်းသော လေကောင်းလေသန့်လည်းရသည်။ တော တောင် သစ်ပင်တွေနဲ့စိမ်းလန်းစိုပြေလှသည်။
တောင်ယာ လုပ်တဲ့သူတွေရှိတာမို့ စတော်ဘယ်ရီစိုက်ခင်း၊ မုန်ညင်း၊ ကန်စွန်းဥ၊ အာလူး အစရှိသော စိုက်ခင်းများကအစီအရီရှိနေပြန်သည်။ တစ်ခါတစ်လေကျပြန်တော့လည်း သူ့တို့လိုအပူအပင်မရှိတဲ့ ဘဝကို Taehyung အားကျသည်။ သူများတွေမှာတော့ တကူးတက အနားယူချင်၍ မြို့ကနေတောရွာလေးကို အပန်းလာဖြေကြသည်။ သူ့မှာတော့ အပန်းဖြေဖို့နေနေသာသာ ရာသီဥတုက ပူတာတစ်မျိုး၊ ရင်ထဲကပူတာတစ်မျိုး၊ ဒါ့အပြင် အနောက်ကလူကြီးကပါ ပူနေတာတစ်မျိုးနဲ့ Taehyung စိတ်ရှုပ်လာပါပြီ။
"ခင်ဗျား တိတ်တိတ်လေးနေပေးလို့မရဘူးလား
ဆက်တိုက်ကိုပြောနေတာ မမောဘူးလား ""ကိုယ်ကသိချင်လို့ပါ"
"သိချင်တာကလည်းများပါ့နော် အတိတ်မေ့နေလို့ဘဲ"
"ဦးလေး ခဏလောက်ရပ်ပေးပါ"
ညလည်းမှောင်လာပြီမို့ နေဖို့နေရာကရှာရတော့မည်။ လမ်းဘေးအိမ်လို့ကလည်းမရ မနက်ခြင်ချီလို့ လူရုပ်ပျောက်သွားလိမ့်မည်။ Taehyung အရှေ့က လာနေသော တရပ်ကားတစ်ဦးကိုလှမ်းထားလိုက်သည်။ ကားကကျော်သွားပြီးတော့မှ နောက်ပြန်ဆုတ်ကာရပ်ပေးသည်။
