Part 3

1.3K 203 21
                                    

(Zawgyi)

Taehyung အိပ်ယာမှနိုးထလာခဲ့သည်။ အမှန်တကယ်တော့ သူ့အား မွှေးကြိုင်သောအနံ့ပေါင်းစုံတို့က ဆွဲဆောင်နေခြင်းကြောင့်ဖြစ်သည်။

ပြန်တွေးကြည့်တော့ အိမ်တွင်သူတစ်ယောက်တည်း မဟုတ်တော့ပေ။ ဧည့်ခန်းက ဆိုဖာပေါ်တွင်အိပ်သော ကင်ဘူဂျာဆိုသောလူကြီးရှိလာခဲ့ပြီ။ တစ်ယောက်တည်း အိမ်ရှေ့မှာ ဘာတွေ သောင်းကျန်းနေပြန်ပြီလဲမသိ။

Taehyung အိမ်ရှေ့ကိုထွက်လာတော့မျက်လုံးပြူးသွားရသည်။ အကုန်လုံး ပစ္စည်းတွေက သူ့နေရာနဲ့သူ ထားရှိပြီး ကြမ်းပြင်တွေကသန့်ရှင်းနေသည်။ အမှိုက်လည်း စည်းစနစ်ကျကျရှိပြီး အပင်တွေကိုလည်း ရေလောင်းပေးထားလို့ စိမ်းလန်းနေသည်။ အခန်းထဲသို့ ပြတင်းပေါက် မှနေရောင်ခြည်သဲ့သဲ့ ဝင်ရောက်မှုကြောင့် အရာရာတိုင်းဟာ တလတ်လတ်တောက်ပနေသည်။

သတိရသွား၍ခြေလှမ်းတို့က မီးဖိုချောင်ဘက်သို့ ဦးတည်လိုက်လေသည်။ တစ်ခါမှမသုံးသော မီးဖိုချောင်တွင် တစ်ခါမှမဝတ်သော ဧပရွန်ကြီးကိုဝတ်ပြီး ခါးထောက်၍ ကုတ်ကုတ်နဲ့ ဘာတွေချက်နေမှန်းမသိ။ မွှေးတော့မွှေးသည်။ သူများပစ္စည်းတွေကို ခွင့်မတောင်းဘဲ လုပ်ချင်တိုင်းလုပ်နေတာ။

"ဟိတ် ဘာတွေချက်နေတာလဲ စောစောစီးစီး သူများကိုနှိုးအောင်"

"ကိုယ့်ကြောင့်နိုးသွားခဲ့ရင် တောင်းပန်ပါတယ်
မင်းအိမ်ကနည်းနည်းရှုပ်နေလို့ မျက်စိထဲအမြင်မတော်တာလေးတွေရှင်းထားပေးတယ်"

အမြင်မတော်လို့ရှင်းတာကလည်း တစ်အိမ်လုံးပါဘဲဟု Taehyung တွေးလိုက်သည်။

"ပြီးတော့ စားဖို့က ခေါက်ဆွဲတွေဘဲတွေ့တယ်။ မနက်စာကတော့ထမင်းလေးစားမှ တစ်နေကုန် အားရှိမှပေါ့။ ခေါက်ဆွဲက အဆာပြေဘဲကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာ အသင့်စားထမင်းဘူးတွေ့လို့ ကိုယ်အပူပေးထားတယ်။ ဟင်းကတော့ ခေါက်ဆွဲထုတ်ထဲက ခေါက်ဆွဲကိုဘဲကြော်ထားပေးတယ်။ Kimchi ကdateကျော်နေတယ်ထင်တယ်။ ချဉ်နေလို့ စားရအဆင်ပြေပါ့မလားတော့မသိဘူး"

ထိုင်နေသောခုံရှေ့သို့ ချက်ပြီးသော ဟင်းအိုးကိုလာချရင်း ပါးစပ်ကလည်းတတွတ်တွတ်ပြောနေလေရဲ့။ ဒါကျေးဇူးရမှာလား ဒေါသထွက်ရမှာလား။ စေတနာနဲ့လုပ်ပေးနေတာလား အပြစ်ပြောနေတာလား သိပ်မသဲကွဲဘူး။ ဒါပေမယ့် သူများအိမ်မှာနေပြီး ထမင်းဖိုးကြေအောင် ဒီလောက်တော့ လုပ်ပေးသင့်တယ်လို့ထင်သည်။

Perfect Stranger (Completed) Where stories live. Discover now