ရထားတစ်စီး သည် သာယာလှသော တောရွာဘက်သို့ တရွှေ့ရွှေ့ခုတ်မောင်းနေသည်။ ပြတင်းပေါက်မှ တစ်ချက်ကြည့်လိုက်တော့ စိမ်းလန်းနေသော သစ်ပင်ကြီးများတွင် ရာသီဥတု စိုထိုင်းမှုကြောင့် ရေစက်လေးများက တွဲလဲ ခိုနေကြသည်။ သဘာဝအလှတရားများနှင့် ပြည့်စုံလှသော ပန်ချီကားတစ်ချပ်ကိုမြင်တွေ့နေသလိုပင်ခံစားရသည်။
ဤအရာတွေနှင့်မပြည့်စုံသေး။ ထိုအရာများကို ပိုမိုကြည်လင်အောင်တောက်ပအောင် အလင်းပေးလိုက်သော ကျွန်တော်၏အချစ် Taehyung ရှိနေလို့ပင်။ Taehyung ကတော့ သူ့ပုခုံးပေါ်မှီကာ အိပ်စက်အနားယူနေပုံက နတ်သားလေးအလား။
ဟုတ်ပါသည်။ သူ့ရဲ့တောင်းဆိုချက်ကြောင့် သူ့အဖိုးဆိုသူ နေတဲ့ ရွာဘက်သို့ အလည်လာခဲ့ကြသည်။ခုတလော Taehyung စိတ်ညစ်စရာတွေများနေပုံရှိသောကြောင့်အပန်းပြေရန် သွားဖို့ပြောခဲ့သည်။ သူလည်း မှတ်မိလိုမှတ်မိငြားပေါ့။ သို့သော် Jung Hoseok ဆိုသော နာမည်က ထိုညထဲက သူ့စိတ်ထဲ စိုးမိုးနေသည်။ ဘယ်သူလဲ ပြီးတော့ Taehyung အဖေကကော ဘာလို့ သူ့အိမ်မက်ထဲမှာ အမှန်တကယ်ဖြစ်နေသလို ပါလာရတာလား။ ဘယ်လိုမှနားမလည်နိုင်ပေ။ ရထားရပ်သွားတာကြောင့် အတွေးစတို့ကို ရပ်ပစ်လိုက်သည်။
"Tae ထတော့လေ"
"အင်း...."
မျက်လုံးနှစ်ဖက်ကို လက်လေးနှင့်ပွတ်ကာ အပျင်းကြောက ဆန့်လိုက်သေးပြန်သည်။ ခုတလော တော်တော်ကိုချစ်ဖို့ကောင်းနေသော Taehyung ပါပင်။
"ရောက်နေပြီ မျက်စိကိုအဲ့လောက်မပွတ်နဲ့ နာသွားမယ်"
Taehyung ရဲ့ပွတ်လက်စ လက်နှစ်ဖက်ကိုအောက်ချကာပြောလိုက်သည်။
"ခဏလေးဘဲအိပ်ရသေးတယ်"
"တစ်လမ်းလုံးအိပ်လာတာကို အိပ်ပုတ်"
Taehyung လက်ကိုတွဲကာ ရထားပေါ်က ဆင်းလာလိုက်သည်။ လေထုကအစ မတူညီဘဲသန့်ရှင်းတာမို့ အဝရှုရှိုက်လိုက်သည်။
"အဖိုး"
Taehyung က ရောက်ရောက်ခြင်း အဖိုးအားကပ်ချွဲလေတော့သည်။ သူ့အဖိုးလား Taehyung အဖိုးလားဆိုတာတောင်မသဲကွဲ ။
