(Zawgyi)
Taehyung တို့ တောင်ကိုသွားစုံစမ်းရန်အဆင့်သင့်ဖြစ်နေကြလေပြီ။ သို့သော် တစ်ယောက်နဲ့တစ်ယောက် စကားသေချာမပြောကြဘဲ မနက်ကကိစ္စနဲ့ရှိန်နေကြသည်။
"ဟို ကျွန်တော် အဖိုးကို သွားနှုတ်ဆက်လိုက်ဦးမယ် "
"အင်း သွား သွားလေ"
Taehyung ဘက်ကစကားစလိုက်ကာ ထွက်လာခဲ့လိုက်သည်။ မဟုတ်ရင် မျက်နှာပူလို့သေမှာဘဲ။ အဘိုးကိုနှုတ်ဆက်ဖို့ထွက်လာခဲ့သော်လည်း အဘိုးကမရှိ စိုက်ခင်းထဲရောက်နေသည်တဲ့။ ဒီအချိန်ဆို စိုက်ခင်းထဲရှိနေပြီး ညနေမှပြန်လာတတ်ကြောင်း လာတည်းတဲ့ ဦးလေးပြောပြလို့သိရသည်။ ဒါကြောင့် ပြန်သွားတဲ့အကြောင်း လူကိုယ်တိုင် မနှုတ်ဆက်ဖြစ်ပေမယ့် လိပ်စာကတ်လေးသာ ပေးပြီး နှုတ်ဆက်ခဲ့ကြောင်း တစ်ဆင့်မှာခဲ့လိုက်သည်။
"Taehyung သွားမယ်လေ"
"အင်း"
တူးဖော်တဲ့နေရာကိုရောက်သွားသော်လည်း အဆင်မပြေပေ။ တာဝန်ခံကို မေးကြည့်သော်လည်း လိမ်သွားတဲ့လူရဲ့ နာမည်ကို တစ်ခါမှမကြားဘူးဖူးတဲ့လေ။ သွားပါပြီ ဇာတ်လမ်းက အဆုံးသတ်သွားခဲ့ပြီ။ ပိုက်ဆံလည်းဆုံးသလို သူ့အိမ်လည်းဆုံးပြီ။ Taehyung မြို့ကိုသာညတွင်းချင်းပြန်ရန် စီစဉ်လိုက်သည်။ သူ့မှာအလုပ်ရှိသေးတယ်မဟုတ်ပါလား။
ဘေးပတ်ပတ်လည် စိုက်ခင်း မျိုးစုံစိုက်ထားသည့် အလယ်တွင် လမ်းငယ်လေးရှိတယ်။ ညနေစောင်း၍ လေတဖြူးဖြူးတိုက်ကာ တောင်နှစ်လုံးကြားမှာ နေဟာလည်းဝင်စပြုလာပြီ။
Taehyung ထိုလမ်းပေါ်တွင်လျှောက်လာကာ အနာဂတ်အတွက် ဘာလုပ်ရမယ်ကိုတွေးပူနေလေသည်။ ဒါကိုဘေးကကြည့်နေသော သူလည်းစိတ်မကောင်းပေ။ suitcase ကိုဆွဲလာရင်း ဘေးကTaehyung ကိုလည်းတစ်ချက်တစ်ချက် ခိုးခိုးကြည့်မိသည်။ စိတ်နဲ့လူမကပ်သလိုနဲ့ လမ်းလျှောက်နေရင်း အတွေးများနေပုံရသည်။
Taehyung နဲ့နေလာတဲ့ကာလပတ်လုံး သူ့ဘက်ကလည်း ကိုယ့်ကိုလိုလေသေးမရှိ ထားပေးသည်။ အားနာစိတ်ကြောင့်လားတော့ မသိပေမယ့် တကယ်ပျော်ပါသည်။ ဒါ့အပြင် အခုဆို ဧည့်ခန်းမှာမဟုတ်ဘဲ သူ့အခန်းထဲပေးအိပ်သည်။
YOU ARE READING
Perfect Stranger (Completed)
FanfictionJung Hoseok x Kim Taehyung Written By : Sam Tae Tae