(Zawgyi)
မနက်ခင်းနေရောင်ခြည်စူးစူးက ပြတင်းပေါက်လိုက်ကာ ကာထားသည့်မှ အတင်းထိုးထွက်ကာ ကုတင်ပေါ်သို့ကျရောက်နေသည်။ အခြားတစ်ဖက်သို့လိမ့်ရင်း ထိုနေရောင်ကိုရှောင်မိသည်။ သို့သော် ဘေးဘက်တွင် အေးစက်နေသောနေရာလွတ်ကြောင့် မျက်လုံးတို့ကိုအားယူပြီးကြည့်မိသည်။ Hyung ဘယ်များသွားပါလိမ့် ။ စားပွဲတင်နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ခြောက်နာရီတိတိ။ Hyung အိပ်ယာထချိန်ထက်အရမ်းကိုစောလွန်းသည်လေ။
ဒူ......ဒူ
မျက်လုံးနှစ်ဖက်ကိုပွတ်ကာအကြောဆန့်နေချိန် ဖုန်းက မြည်လာလေသည်။
"Hello "
(ဟို...... )
"ဟုတ်ကဲ့ ပြောပါ"
(ဟို Kim Taehyung နဲ့ပြောချင်လို့ပါ)
"ဟုတ်ပါတယ် ကျွန်တော်ပါ ဘယ်သူပါလဲ"
(အ အကို ကTaehyung shiအဖေ ကယ်ခဲ့တဲ့ကျောင်းသားပါ)
"ဗျာ"
..........................................................
Hoseok အရင်ထက် အစောကြီးနိုးနေကာ ညဘက်လည်း အိပ်လို့မရပေ။ ဒါကြောင့် မေ့ပျောက်မလားအထင်နှင့် လေ့ကျင့်ခန်းလုပ်ရန်သာထွက်လာလိုက်သည်။ Taehyung ကိုလည်း မနိုးစေချင်။ မဟုတ်လျှင် သူလေး စိုးရိမ်နေဦးမည်။
အိတ်ကပ်ထဲကတုန်ခါမှုကြောင့် ပြေးနေတာကိုရပ်ကာ ဖုန်းကိုကိုင်လိုက်သည်။
"Tae နိုးပြီလား "
"Hyung မြန်မြန်ပြန်လာ အရေးကြီးတယ်"
"ကိုယ်အခုလာပြီ"
ဘာဖြစ်မှန်းတော့မသိပေမယ့် Taehyung ရဲ့အသံက တကယ်ကိုစိုးရိမ်မှုတွေပြည့်နေသည်။ ဒါကြောင့်အိမ်ကိုသာ မောင်းတင်၍ချက်ချင်းပြေးလာခဲ့တော့သည်။
အိမ်နှင့်မနီးမဝေး ကော်ဖီဆိုင်လေးသို့ Taehyungခေါ်တာကြောင့်ပါလာခဲ့သည်။ ဘာကြောင့်လဲမေးတော့ သူ့အဖေ ဆုံးတာနဲ့ပက်သတ်နေလို့တဲ့။ Hyung ပါမှ သူနားထောင်ဖို့ သတ္တိ ရှိမှာမလို့လိုက်ခဲ့ပေးပါဆိုသော ကိုယ့်ကိုအားကိုးတဲ့စကားတစ်ခွန်းကြောင့် ဒီအထိရောက်လာခဲ့သည်။ ဧကန္တ Taehyung အကုန်သိတော့မှာလား။
