(Zawgyi)
ဆေးရုံကုတင်ထက် လှဲလျောင်းနေသော အမည်မသိ သူစိမ်းလူကြီးတစ်ယောက် သူ့ကားနဲ့တိုက်မိပြီး ဆေးရုံခေါ်လာကတည်းက သတိမရတာယခုချိန်ထိ နှစ်ရက်တောင်ကြာသွားခဲ့ပြီ။
သူကသတိမရတော့ ဆွေမျိုးမိသားစုက ဘယ်သူ သူကိုယ်တိုင်ဟာလည်း ဘယ်သူဘယ်ဝါဆိုတာ မေးလို့မရ၊ ရဲကို လူပျောက်တိုင်ရင်လည်း ရှုပ်ရှုပ်ယှက်ယှက်တွေက စစ်ဆေးမေးမြန်းနေဦးမယ်။ အခန့်မသင့်ရင် ကားတိုက်မှုနဲ့ စတီးလက်ကောက်က အလကားနေဝတ်နေရဦးမယ်။
ဒါကြောင့် သတိမေ့မြောနေတဲ့အချိန်တွင်း သူပဲပြုစုကာ သတိရလာမှ ကျေနပ်လောက်သော နစ်နာကြေးပေး၍တောင်းပန်ရမည်။
ကလင်~~~~~
ဖုန်းကရုတ်တရက်ထမြည်လာမှုကြောင့် ထိုလူကြီးနိုးသွားမှာစိုး၍ ကမန်းကတန်း အပြင်သို့ထွက်လာလိုက်သည် ။
"ပြော "
"ဆရာ အလုပ်မလာတာ နှစ်ရက်ရှိပြီ နေမကောင်းလို့လား"
ကိုယ့်အဖွဲ့ထဲက အကျိုးအကြောင်း လှမ်းမေးပါသော လက်အောက်ငယ်သားလေး။
"နေကောင်းပါတယ် ကိုယ်ရေးကိုယ်တာပါ အဲ့တာဘယ်နေ့လာနိုင်မယ်မှန်းမသိလို့ ခွင့်တစ်ပတ်လောက်တင်ချင်တယ်"
"ကျွန်တော် မန်နေဂျာချုပ်ကို သွားပြောပေးမယ်လေ ဘာမှမစိုးရိမ်ပါနဲ့ ဆရာကတစ်ခါမှခွင့်မယူဖူးတာ အခုဟာတော်တော်အရေးကြီးနေလို့ဖြစ်မယ်။ မန်နေဂျာချုပ်ကလည်း ခွင့်ယူခွင့်ပေးမှာပါ"
"အေး အငယ်ဆုံးလေးကို အားကိုးပါတယ် "
"Yes,sir ဒါနဲ့လေ ဆရာ့ ညီလေးဆိုသူက လာသွားသေးတယ်။ ဆရာရုံးမလာဘူးလို့ဘဲပြောလိုက်တယ်။"
"ဟုတ်လား အေး ကျေးဇူးပါဘဲကွာ"
ဖုန်းချပြီး Taehyung အသက်ကိုအဝရှူလိုက်သည်။ တစ်သက်တစ်ကိုယ် ဖျားတာတောင်ခွင့်မယူတဲ့သူက ခွင့်တောင်တင်ရပြီ။ ခွင့်တင်ပြီဆိုတာနဲ့ လစာထဲကဖြတ်တော့မည်။ နောက်ပြီးဒီမှာ ဆေးရုံ စရိတ်နဲ့ ကိစ္စ အဝဝက ကုန်ထားလို့ သူ့ဘဏ်စာရင်းထဲတွင် သိသိသာသာ ဂဏန်းတွေလျော့နေသည်။ ဒါ့အပြင် ညီဆိုသောသူက အလုပ်ထဲထိတောင်ရောက်လာတာ ဘာတွေမွှေထားပြန်ပြီလဲမသိ။