Part 7

1.1K 197 41
                                    

(Zawgyi)

Taehyung နဲ့ ကင်ဘူဂျာ တို့အတူနေလာရင်း တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်တွေ မသိမသာ တွယ်တာလာကြသည်။

"မြန်မြန်လာဗျာ"

စာချုပ်ချုပ်ပြီးတဲ့နေ့ကစလို့ ဘူဂျာဟာသူ့ကိုရုံးသွားရုံးပြန် လိုက်ပို့လိုက်ကြိုပေးသည်။ သူ့ရဲ့ စိတ်မချလို့ဆိုတဲ့စကားတစ်ခွန်းက ကျွန်တော့်ရင်ကို အပြီးတိုင် လှုပ်ခတ်သွားစေသည်။ ဟန်ဆောင်နေသည့်အတောအတွင်း တကယ်လိုဟန်ဆောင်နေမှ အဖြစ်မှန်လို့ လူတွေကထင်ကြမယ် ဆိုကာသူ့ကိုပိုလို့ကရုစိုက်ပေးတတ်သည်။

ဒါဆို စာချုပ်ကာလကုန်သွားခဲ့ရင်ကော.......

"လာနေပါပြီဆို"

လမ်းလျှောက်တာလည်း တအားနှေးသလားမမေးနဲ့။ ကျွန်တော့်နှုန်းကိုမမှီပေ။ ပထမဆုံးလိုက်ပို့သည့်နေ့ကဆိုလျှင် လမ်းပျောက်လို့ သူ့ကိုသွားပြန်ခေါ်ခဲ့ရသေးသည်။ ပြီးတော့ အရာရာလည်း ကိုယ့်ထက်တောင်ချွေတာသေးပြန်သည်။ ဒီလူကြီးတစ်ယောက်စာ ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ ပိုက်ဆံအလုံအလောက်ရှိပါသည်။ ဒါကို ဈေးထဲက ကားနဲ့လိုက်ရောင်းသော တစ်ရာဖိုးသုံးထည်သာသာ အင်္ကျီကိုဘဲဝယ်ဝတ်ပြီး ဖက်ရှင်ကအများအမြင် လူရယ်စရာကြီးပင်။ ဖက်ရှင်ပေါ်အမြင်ဟာလည်း တကယ့်ကိုတောဂိုက်ပင်။

ပန်းရောင်ပြောင်ပြောင်အသားပေါ်မှ ပန်းပွင့်အပြာရောင် ခြယ်ထားသော အပေါ်အင်္ကျီနှင့် အားကစားဘောင်းဘီ အစိမ်းရောင်ကို တွဲဖက်ဝတ်ဆင်ထားရာ လမ်းလျှောက်နှေးလို့သူ့ကို ပြန်စောင့်နေရသေးသည်။ ဘယ်လိုပုံစံရှိမည်ဆိုတာ အသင်တို့ တွေးတောကြည့်ကြလော့။

"Taehyung ရာလမ်းလျှောက်တာတအားမြန်တာဘဲ"

ဟောဟဲမောကာ ပလုံးပထွေး ပြောနေသည်။ ဒီလိုပုံစံကြောင့် နေ့တိုင်းအလုပ်နောက်ကျရတာ သူဘဲသိသည်။ မစောင့်လျှင်လည်း လမ်းပျောက်လို့ကိုယ်ဘဲဒုက္ခများရဦးမည်။ ဘူဂျာက Taehyungအလုပ်နဲ့ အိမ်ကိုသာ ကောင်းကောင်းသွားတတ်သေးပေးရာ သိပ်မလွှတ်ရဲပေ။

ခုတလော ငယ်ဘဝကတစ်ချို့ကိစ္စတို့မှတ်မိလာပုံရသည်။ တစ်ခါတစ်ရံ တစ်ချို့အကြောင်းအရာတို့မှတ်မိလာပြီး ခေါင်းကိုက်ခြင်းဝေဒနာကပါ အဆစ်ရလာခဲ့သည်။ ဘူဂျာအိမ်က မိသားစုတွေက လိုက်မရှာဘူးထင်ပါ့။ အချိန်အကြာကြီးသတင်းမကြားပုံကိုကြည့်လျှင်....

Perfect Stranger (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ