မိုးစက်မေရှင်
ဒီနေ့ကျောင်းကပြန်ဖို့လုပ်တော့ပုံမှန် လာကြိုနေကျ မေမေရောက်မလာသေး**ဒီနေ့မိုးကလည်းသည်းလိုက်တာအရမ်းပဲ***
စိတ်ထဲကနေညည်းရင်း ကောင်းကင်ကိုမော့ကြည့်ကာ စိတ်တိုနေမိသည်ဖုန်းကိုထုတ်လိုက်ပြီး မေမေ့ဆီ ဖုန်းဆက်လိုက်သညိ
"တီ တီ တီ"
***မေမေ ဖုန်းကိုင်တာကြာလိုက်တာ***မိုးစက်မေရှင်ရဲ့ အမေက doctor အိမ်တွင်ဆေးခန်းဖွင့်ထားသည်
အဖေက လည်းdoctor
အဖေကခွဲစိတ်ဆရာဝန်ဖြစ်သောကြောင့် ဆေးရုံတွင်အနေများသည်မေမေဖုန်းကိုင်တော့ သူလာမကြိုဖြစ်တဲ့အကြောင်း ကျောင်းဖယ်ရီနဲ့ပြန်လာဖို့ ပြောကာ ဖုန်းချသွားသည်
ရှင်လေး ဒေါပွသွားကာ ဆူပုပ်ပုပ်မျက်နှာဖြစ်ဖယ်ရီကားဆီထွက်လာခဲ့သည်
မိုးကလည်းသည်းနေသောကြောင့် လက်ကထီးတဖက်ဖြင့်
ဖယ်ရီကားဆီရောက်တော့ ထီးအမြန်ပိတ်ပြီး ကားပေါ်အပြေးလေးအတက် ထီးကတဖက် ထိုင်နေသော လူကိုထိုးမိသွားသည်
"ဒုတ်"
"အ သေပါပြီ" ထိုလူရင်ပတ်ဖိကာ မသက်မသာဖြစ်နေသည်ကြည့်လိုက်တော့ ယောက်ျားလေးတစ်ယောက် ရင်ပတ်ကိုလက်နဲ့အသာအယာဖိပြီး ညည်းနေသည်
****ယောက်ျားလေးဖြစ်ပြီး ရင်ပတ်ထိမိတာကိုဖြစ်ပျက်နေတာ****နှုတ်ခမ်းကိုမဲ့လိုက်ပြီး တောင်းပန်တဲ့စကားတောင်မပြောခဲ့
ကားပေါ်ကြည့်တော့ ကောင်မလေး 5ယောက်
ယောက်ျားလေးဆိုလို့ သူတစ်ယောက်တည်း"မာန် အရမ်းနာသွားလား" ဘေးကကောင်မလေးက တယုတယမေးနေသည်
***အတွဲထင်တယ်***
ရှင်လေးမသိသလိုနေလိုက်ကာ တခြားဘက်လှည့်နေလိုက်သည်"ရပါတယ် အဲ့လောက်လည်းမနာပါဘူး"
***အေလေ ထီးနဲ့ပဲထိုးမိတာကို နာမလား ဖြစ်ပျက်နေတာ****
ရှင်လေးစိတ်ထဲက ထောပနာပြုလိုက်ပြီး ကို့ဘာသာမသိသလိုနေလိုက်သည်မိုးစက်မေရှင်
တစ်ကျောင်းလုံးရဲ့Queenဖြစ်တဲ့အပြင် စာတော်သည် မာနကြီးသည်
ရည်းစားထပ်လဲတွဲသည်ဟု နာမည်ကြီးသူ
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...