မာန် ဗိုက်ခလေးကို ပွက်ကာမေးလိုက်သည်
သူ့ အဒေါ် သူ့ကို မျက်စောင်းတချက်ထိုးပြီး သပ်သပ်ခွဲထားသော မုန့်ဟင်းခါးအဖတ်များကို ပန်းကန်ထဲပြင်ဆင်ကာ ထည့်ပေးသည်ရှင်လေး တံတွေးတချက်မျိုချလိုက်ကာ ဗိုက်ထဲကလည်း
"ဂြီ"
ရှင်လေး ရှက်ရှက်ဖြစ် မျက်နှာ နီရဲလာကာ မသိသလိုနေလိုက်သည်ဒေါ်ဥမ္မာ ကြားလိုက်သောကြောင့် တချက်ပြုံးလိုက်ကာ
"သမီးတို့ပါ စားလိုက်တော့လေ ဗိုက်ပြည့်နေမှ အလုပ်လုပ်လို့ကောင်းမယ်"
ဒေါ်ဥမ္မာ ပြောလည်းပြော ကျန်တဲ့နှစ်ယောက်အတွက်ပါ ပြင်ဆင်လိုက်သည်မာန် သူ့ပန်းကန် သူယူပြီးခုံတလုံးယူထိုင်ကာ ထိုင်စားနေလိုက်သည်
ရှင်လေးလည်း မလှမ်းမကမ်းမှာထိုင်ကာ မာန်ကိုလှမ်းကြည့်လိုက်သည်
မာန်လှမ်းကြည့်တာနဲ့ဆုံသွားသောကြောင့် ချက်ချင်းခေါင်းငုတ်ကာ စားလိုက်သည်
"Wow တီတီလေး လက်ရာကောင်းလိုက်တာ သမီး မုန့်ဟင်းခါးမကြိုက်တာတောင် ဒီတခါတကယ်ကြိုက်သွားပြီ"
ဒေါ်ဥမ္မာ မှာပြုံးလို့
"ရှင်လေး အားရင် လာလည်နော် မာန်က အခန်းထဲကအပြင်ထွက်ခဲတော့ တီတီလေးအရမ်းပျင်းရတာ သမီးလာလည်တော့ တီတီလေး အဖော်ရတာပေါ့"ဒေါ်ဥမ္မာ ဖိတ်ခေါ်တဲ့စကားကြောင့် ရှင်လေး ဝမ်းသာအားရ
မာန်ကိုလှမ်းကြည့်တော့ ဘာမှမထူးခြားသလိုပင်ရှင်လေး ဝဋ်လည်နေသလားမသိ
လူတိုင်းနဲ့ ခပ်တန်တန်နေတတ်သော်လည်း မာန်နဲ့ကမတူသလို နွေးထွေးသလိုခံစားချက်က လူတစ်ကိုယ်လုံး လွှမ်းခြုံထားသလိုပင်ရှင်လေးခေါင်းကို ငုတ်ထားလိုက်ပြီး
"ဟုတ်တီတီလေး"ခဏနေတော့ ဘုန်းကြီးနဲ့ ဧည့်သည်အချို့ရောက်လာပြီး တရားနာကြကာ
စားသောက်ကြပြီး ပြန်ကြသည်ရှင်လေးရဲ့ မေမေမှာ ဆေးခန်းထိုင်စရာရှိသောကြောင့် မလာခဲ့
ဒေါ်ဥမ္မာ ရှင်လေးမေမေအတွက် မုန်းဟင်းခါးထည့်ပေးလိုက်သည်
ရူပါချို နောက်ကျမှရောက်ချလာသည်
"မာန်ရေ မာန်" အသံကိုမြှင့်ကာ အိမ်ထဲဝင်လာသောရူပါချို
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...