ဒေါ်ရွှေစင်ဖူး ပြုံးပြုံးလေး ပြောလာပေမဲ့ မာန် နှုတ်ခမ်းမဲ့လိုက်ရင်း သူ့ကိုတွန်းချလိုက်ကာ
"ခင်ဗျား တာဝန်က ဘယ်သူပေးထားတာမလို့ အရမ်းတေ တာဝန်ကျေနေရတာလဲ ဆင်းတော့"မာန် တွန်းချလိုက်ပြီး လူးလဲထကာ သူအင်္ကျီကို ဆွဲချနေသည်
ဒေါ်ရွှေစင်ဖူး မာန် လက်ကိုဆွဲလိုက်ပြီး
သူ့ရင်ပတ်ပေါ်တင်ပေးလိုက်ကာ
"ဒီရင်ထဲက အလိုလို ဖြစ်လာတဲ့ချစ်တဲ့စိတ်ကြောင့်ပေါ့ ခလေးလေးရဲ့"မာန် လက်ရုန်းလိုက်ပြီး
"တော်တော့ ဟိုကောင်ရေချိုးတော့မယ်"မာန်တံခါးသွားဖွင့်ကာ ဒေါ်ရွှေစင်ဖူးဆီပြန်လှည့်ကြည့်လိုက်ပြီး
"အဝတ်အစားပြန်ဝတ်တော့လေ ခင်ဗျားတူလေး ဝင်လာတော့မှာ"မာန် အဲ့လိုပြောလိုက်ပေမဲ့ ဒေါ်ရွှေစင်ဖူးက ခပ်ပြုံးပြုံးလေးပင်
တံခါးဖွင့်သံကြားတာနဲ့ အတင်းဝင်လာသော မင်းတပါး
မာန် ဒေါ်ရွှေစင်ဖူးဆီ ပြေးသွားပြီး
စောင်နဲ့အတင်းလိုက်အုပ်သည်သူမကတော့ တခစ်ခစ်ရယ်လို့
မာန်လုပ်နေပုံက မျက်နှာတခုလုံးနီရဲနေကာ
အသက်တောင်မနည်းရှုရတဲ့ဘဝမင်းတပါး ကုတင်ပေါ်က မာန်နဲ့ သူ့အဒေါ် ဖြစ်ပျက်နေတာကြည့်ပြီး
"တီလေး မာန်ကိုမြူစွယ်နေတာလား"****ဟမ် ***မာန်ပဲ မျက်လုံးပြူးရသည့်အဖြစ်
မင်းတပါး လေလေး တချွန်ချွန်နဲ့ ရေချိုးခန်းထဲဝင်သွားသည်
ဒေါ်ရွှေစင်ဖူး မာန်ကိုလှမ်းဖက်လိုက်ရင်း
"မောင် ဘယ်တော့ ပြန်ချစ်လာမှာလဲဟင် ဒီကအရမ်းချစ်နေတာကို မောင် ဖြစ်ချင်တာ လိုချင်တာအကုန်လုပ်ပေးမယ်လေ မောင်"မာန် အတင်းရုန်းကာ
"ဘယ်တော့မှ စိတ်မကူးနဲ့ ဟုတ်ပြီလား"မာန်ပြောပြောဆိုဆို အခန်းထဲကထွက်သွားသည်
ဒေါ်ရွှေစင်ဖူး ဆို့တက်လာသော မျက်ရည်ကို မျိုသိပ်လိုက်ရင်း
***စောင့်ကြည့်ပါဦး မောင်ရယ်***မာန် ဒေါပွပွနဲ့ သူ့အခန်းထဲပြန်ဝင်လာပြီး လွယ်အိတ်ယူကာ အောက်ဆင်းသွားသည်
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...