Ep-6

1.4K 78 8
                                    

ရှင်လေး အိပ်ယာထဲမှာ လူးလိမ့်နေမိသည်
ဖုန်းထဲ မာန်ရဲ့နှုတ်ခမ်းထော်ထော် လုပ်ပြနေတဲ့ပုံကိုကြည့်လိုက်

ရူပါ ပါးဆွဲညှစ်လိုက်လို့ အော်နေတဲ့ပုံကိုတွေးလိုက်
တစ်ယောက်တည်းပြုံးရင်း မာန်ရဲ့ပါးဖောင်းဖောင်းကို ဘယ်အချိန် နမ်းခွင့်ရမလဲ

မာန်ဆီက ခွင့်ပြုချက်နဲ့အတူပေါ့
မာန်ကို နမ်းလိုက်ရတယ်ဆိုပေမဲ့ ရုတ်တရက်ဆိုတော့ ထိမိယုံလေးသာ

အားမလိုအားမရ ဖက်လုံးကိုညှစ်ရင်း နှုတ်ခမ်းလေးကိုက်ထားမိသည်

တယောသံကြားမိသောကြောင့် ချက်ချင်းခေါင်းထောင်ကာ

ဝရံတာဆီထွက်လာမိသော သူမ
မာန် ဝရံတာမှာ တယောထိုးရင်း အပေါ်က လမင်းကြီးကို တချက်မော့ကြည့်ကာ သက်ပြင်းရှည်ကို ချလိုက်မိသည်

မျက်ရည်စတချို့က ခပ်ပါးပါးလေး ပါးပေါ်မှာစီးလို့

ရှင်လေး လရောင်အောက်မှာ လက်ကနဲ့ ဖြစ်သွားသော မာန်ပါးပေါ်ကမျက်ရည်စီးကြောင်းကြောင့်
သူမရင်ထဲလေးပင်လာမိသည်မှာအမှန်ပင်

ထို့အပြင် ပျော်ပျော်နေတတ်သော မာန်က ဘာကြောင့်များ မျက်ရည်ကျနေပါလိမ့်

မာန် တယောကို ပေါင်ပေါ်တင်ပြီး ခဏသက်ပြင်းရှည်ကြီးကိုချကာ အခန်းထဲပြန်ဝင်သွားသည်

တကယ်တော့
ညနေက ပြန်ရောက်သည်နှင့် နိုင်ငံခြားမှ မာမီနဲ့ဒယ်ဒီ ဖုန်းဆက်တာနဲ့ တန်းတိုးသည်

သူတို့ဆီကို ဧည့်သည်ရောက်လာမည့်အကြောင်း
ထိုဧည့်သည်မှာ မာန်နဲ့ စေ့စပ်ထားသူဖြစ်ပြီး
မဖြစ်မနေလက်ခံရမည့်အနေအထား

ထိုအမျိုးသားဘက်မှာလည်း လက်ခံသည့်အနေအထားမလို့ သူတို့ဘက်မှငြင်းရင် ရိုင်းသည့်အသွင်မျိုးပြောနေသော မာမီ

မာန် ငြင်းရန်စဉ်းစားမိပေမဲ့ အသံတောင်ထွက်မလာခဲ့

ငယ်ငယ်တည်းက ပြောစကားနားထောင်လာသူပီပီ ငြင်းရန်စကားလုံးရှာမရ

ထိုလူမှာလည်း မနက်ဖြန်ရောက်လာမည်ဆိုတဲ့အကြောင်းလေဆိပ်မှာသွားကြိုရန်ပြောသည်

သူသာလျှင်Tahanan ng mga kuwento. Tumuklas ngayon