ရှင်လေး မာန်အပြစ်ပေးခံရတဲ့က စာသင်ရတာ စိတ်မပါတော့
ထို့အပြင် အတန်းထဲပြန်ဝင်လာသော မာန်ရဲ့ မျက်နှာနီနီရဲရဲ ကိုလည်းမကြည့်ရက်***ကိုကို့ကို ရှင်လေးသနားလိုက်တာ***
ရှင်လေး မာန် မျက်နှာကိုလှမ်းကြည့်ရင်း ဟိုနှစ်ယောက်ကိုလည်း ဒေါသထွက်နေမိသည်ကြည့်ဦး မာန် အိပ်နေတာကိုတောင် အသံတိတ် ရန်ဖြစ်နေတဲ့နှစ်ယောက်
ရှင်လေး အတန်းအပြင်ကိုထွက် ဆရာမ နားနေဆောင်ကို ထွက်သွားသည်
ဆရာမ မူယာရဲ့အခန်းကိုမေးကာ တိုက်ရိုက်သွားရှာသည်
အခန်းထဲရောက်တော့ ဆရာမက စာအုပ်တအုပ်ကို ထိုင်ဖတ်နေသောကြောင့် တံခါးခေါက်ကာ ဝင်ခွင့်တောင်းလိုက်သည်
အထဲကဝင်ခဲ့လေ ဆိုတဲ့အသံကြောင့် ရှင်လေး ဆရာမ ရှေ့မှာ ရောက်သွားသည်
မူယာ သူ့ရှေ့က ကောင်မလေးကို ထိုင်ရာကနေ မော့ကြည့်လိုက်ရင်း
"အော် ဘယ်သူများလဲလို့ ရှင်လေးလား ဘာတဲ့လဲ သမီး"ရှင်လေး မူယာဆီက စကားသံချိုချိုဟာ မိုးကျိုးပစ်ချသလားထင်မိသည်မှာအမှန်ပင်
"ဆရာမ မာန်ကိုအပြစ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမေးချင်တာပါ အဲ့လောက်ထိလိုလို့လား ဆရာမ တကယ်လို့ သမီးကြောင့်ဆို သူ့ကိုအပြစ်မပေးပါနဲ့ သမီးကိုပဲအပြစ်ပေးပါ သမီးခံယူပါ့မယ်"
ရှင်လေးဒူးလေးထောက်ကာ ပြောလိုက်သည်
မူယာ မဲ့ပြုံးလေးတချက်ကို မဲ့ရင်း
"တကယ်အပြစ်လုပ်တာက သူလေကွာ ဆရာမက ရှင်လေးကို အပြစ်ပေးစရာလား ရှင်လေး အပြစ်လုပ်ရင်တော့ ရှင်လေးကိုအပြစ်ပေးမှာပေါ့"သူမ သာမန်လိုသာပြောရင်း မလိုအပ်တာပြောတာပဲလို့ ရှင်လေးစကားကို သက်ရောက်စေလိုက်သည်
***ဒါက ပထမခြေလှမ်း
ကိုချစ်တဲ့သူက ခံစားရတာ ကြည့်ရတာလည်း ရင်နာရခြင်းတမျိုးပဲမလား******အခု ရင်နာနေရတာဘယ်သူလဲ***
မူယာ သူ့ကိုသူ မေးခွန်းပြန်မေးရင်း
သူမ ရဲ့လေးလံလာသောစိတ်ကြောင့် သက်ပြင်းချလိုက်မိသည်
DU LIEST GERADE
သူသာလျှင်
Romantikမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...