မာန် စောစောစီးစီး ရောက်လာသော ရူပါကြောင့် မထချင်ဘဲ ထလိုက်ရသည်
"မာန် မထသေးဘူးလားကွာ ထတော့လေ ကျောင်းသွားရဦးမယ်"
တကြော်ကြော်အော်ခေါ်သံကြောင့် မာန် ငေါက်ကနဲ့ ထထိုင်လိုက်ပြီး
"ရူပါချို!!!!
သေမလို့ အော်ခေါ်နေတာလား နားပါတယ် နားလည်းမလေးဘူး တညောင်ညောင်နဲ့ လင်လိုချင်နေတဲ့ကြောင်ကျနေတာပဲ သွား……ငါတရေးထပ်အိပ်ချင်သေးတယ် ခုမှ မနက်(6)နာရီပဲရှိသေးတာကို"မာန် စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပေမဲ့ ရူပါ အပြုံးမပျက်
"ဟုတ်ကဲ့ပါရှင့် ရူပါ ထမင်းဗူးပြင်ထားလိုက်မယ်နော် ပြီးတော့လည်း မာန်နဲ့အတူတူကျောင်းတက်ရမှာဆိုတော့ စိတ်လှုပ်ရှားနေလို့ပါရှင့် စိတ်မဆိုးနဲ့နော်အသည်းတုံးလေး"
ရူပါချို မာန် ပါးလေးကို ဆွဲကာ ဆွဲကာ ပြောနေသည်
မာန် သူ့ဘက်ကိုရိုက်ထုတ်လိုက်ပြီး ဖက်လုံးကိုခွကာ ဆက်အိပ်လိုက်သည်
ရူပါ မာန်လက်ခလေးကို တချက်နမ်းလိုက်ပြီး အောက်ဆင်းသွားသည်
ခဏနေတော့ မာန်နိုးလာသည်
ရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်ဆင်းလာတော့ ရူပါ အဆင်သင့်ဖြစ်နေပြီမာန် သူ့ကို တချက်မဲ့ကြည့်လိုက်ပြီး
"တီလေး သားတို့သွားတော့ တခုခုဆို သားဆီဖုန်းဆက်နော် သားပြန်လာခဲ့မယ်"ရူပါ တလမ်းလုံး မာန်မျက်နှာကို ငေးလို့မဆုံးတော့
အဖြူရောင် ရှပ်အင်္ကျီလက်ရှည်လေးနဲ့
ထဘီ ခရမ်းရောင်စပ်လေး ဝတ်ထားသည်မှာ တကယ်ချစ်စရာကောင်းနေသည်မို့ ရူပါ မျက်နှာမလွှဲချင်***ဟွင်း ဒီပုံစံနဲ့သာဆို အိမ်ထဲပဲ ထည့်ထားလိုက်ချင်တယ် ကောင်မလေးတွေကြိုက်ကုန်တော့မှာပဲ***
တစ်ယောက်တည်း တွေးတွေးပြီး နှုတ်ခမ်းထော်ထော်လာသော သူမမာန် သူ့ကိုတချက်ကြည့်လိုက်ပြီး
"ဘာဖြစ်တာလဲ နှုတ်ခမ်းက ငရုတ်သီးစားလာလို့လား ကြည့်လည်းချွန်ဦး ကားရှေ့မှန်ကွဲသွားလို့ work shopထပ်ပို့ရတော့မှာပဲ"ရူပါ ပိုနှုတ်ခမ်းထော်လိုက်ကာ
"လူကိုများပြောထွက်တယ်နော် ဒီကချစ်လို့သည်းခံနေတာ မချစ်ရင် ဟွန့်ပဲ"
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...