မင်းတပါးက အနောက်ကနေ တွဲလောင်းတွဲလောင်းပါလာသည်
အရှေ့က မာန်ကတော့ မှုံကုပ်
တဆိုင်ဝင် တဆိုင်ထွက်
အစာမျိုးစုံစားပြီး ဗိုက်တင်းလာကာ လေးလေးပင်ပင် လျှောက်လာသော မင်းတပါးတနေရာအရောက် ကောင်မလေးတစ်ယောက်ကိုမြင်လိုက်မိသည်
အရှေ့က မာန်ကတော့ ရေခဲမုန့်ကိုသာ ငုတ်ကြည့်ရင်း ဘယ်နေရာက စစားရမလဲတွေးနေမိသည်
မင်းတပါး ပြေးလာပြီး
မာန်ပုခုံးကို ပုတ်လိုက်ကာ
"မိုးစက် နေဦး ရှေ့ဆိုင်က ကောင်မလေးကို ကြည့်ဦး"မာန် လှမ်းကြည့်လိုက်တော့
***ရှင်လေး ****
သူ့သယ်ချင်းကောင်မလေးနဲ့ အတူတူဈေးဝယ်နေခြင်းဖြစ်သည်မာန် မင်းတပါးကို ပြန်ကြည့်လိုက်ပြီး
"အဲ့ဒါဘာဖြစ်လဲ"မာန်အံ့သြတဲ့ပုံမပြသောကြောင့် မင်းတပါး မျက်မှောက်ကျုတ်လိုက်ကာ
"မင်းရင်မခုန်ဘူးလား ဒီလောက်လှတာကို"မင်းတပါးအပြောကြောင့် မာန် သီးသွားရသည့်အဖြစ်
"ဟမ် ဘာပြောတာ"မာန် ရဲ့မသိသလိုလုပ်နေပုံက မင်းတပါးခုန်ပေါက်မိမတတ် အသည်းတေယားနေမိသည်
"သေသေ မိုးစက်မာန်သေလိုက်တော့ ဒီလောက်လှတာကို ဘာပြောတာလုပ်နေတယ်"
မင်းတပါး အော်ဟစ်နေသောကြောင့် ရှင်လေးတို့ကြားသွားသည်
ရှင်လေးကို လက်ညိုးထိုးပြီး ခုန်ပေါက်နေသော မင်းတပါး
ရေခဲမုန့် ဖိတ်မှာကို စိတ်ပူနေသူအလား တယုတယ ကိုင်ထားသော မာန်
ရှင်လေး မာန်ကိုမြင်သည်နှင့် မျက်လုံးလေးအဝိုင်းသား
မင်းတပါး ရှင်လေး မာန်ကိုလှမ်းကြည့်နေမှန်းသိနေသောကြောင့်
"ယျောင့် မင်းကိုကြည့်နေတယ် မင်းနဲ့သိတာလား"မာန် ခေါင်းအသာငြိမ့်ရင်း
"သိတယ်လေ ငါတို့ဘေးအိမ်က အဲ့ဒါ ဘာဖြစ်လို့လဲ"မင်းတပါး ပေါက်ကွဲနေပါပြီ
"မိုးစက်မာန် မင်းသေသင့်ပြီ ဒီလောက်လှတဲ့ကောင်မလေးကို ဘေးအိမ်မှာထားပြီး ဆော်မရှိဘူး လုပ်နေတယ် မင်းသွားသေလိုက်တော့ ညီလေး"
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...