မိုးစက်မာန်ရဲ့ တောင်းပန်စကားကြောင့် မိုးထက်မြင့် ပြုံးလိုက်ကာ
"ရပါတယ် ကျွန်တော်က ရှင်လေးရဲ့ ချစ်သူပဲ ရှင်လေး စိတ်ထဲဘာဖြစ်ရှိနေလဲ တခြားလူထက် ပိုသိပါတယ် မိုးစက်မာန်တောင်းပန်စရာမလိုပါဘူး"
မာန် ပြုံးလိုက်ကာ သူ့လက်မှာပတ်လာတဲ့နာရီကိုကြည့်လိုက်သည်
ညနေဘက်မလို့ အချိန်အတော် လင့်လို့မဖြစ်သေး
"အဲ့ဒါဆိုလည်း ကျွန်တော်တို့ကိုခွင့်ပြုပါဦးနော်"
မိုးထက်မြင့် ရှင်လေး လက်ကိုဆွဲထားလိုက်ပြီး
"ရှင်လေး ကိုကို့ကို စကားပြန်မပြောတော့ဘူးလား"ရှင်လေး လက်ကိုခါချလိုက်ပြီး
"စကားပြောရအောင် မပြောဖူးတဲ့လူလည်းမဟုတ်ဘူး သွားတော့မယ်"နှစ်ယောက်သားတောင်ကုန်း မို့မို့ အားယူကာ တက်သွားသော သူတို့ကြောင့် မိုးထက်မြင့် သူ့လက်ကို ပြန်ကြည့်ရင်း ရှင်လေးလက်ကို ကိုင်မိသောကြောင့် ရှုတ်ကနဲ့ နမ်းလိုက်ကာ ပြုံးရင် ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့သည်
ဘုရားပေါ်ရောက်တော့ ခပ်ဝေးဝေးက တိုက်အမြင့်တွေဆီ လှမ်းကြည့်ကာ မာန် သက်ပြင်းချလိုက်သည်
***မာမီနဲ့ ဒယ်ဒီတို့ ဘယ်တော့များမှပြန်လာကြမှာလဲ***
ရှင်လေး မာန်အနောက်ကနေပြီး သက်ပြင်းချကာ ခေါင်းငုတ်သွားသော ထိုလူသား ငေးကြည့်နေမိသည်
****မာန် ဘာတွေများတွေးနေပါလိမ့် ငါ့အကြောင်းများလား ငါအခုဏက လုပ်ရပ်ကြောင့် စိတ်ဆိုးနေတာလား****
ရှင်လေး မနေသာတော့ဘဲ
"မာန် ရှင်လေးကို စိတ်ဆိုးနေတာလား စကားလည်းမပြောလို့"မာန် သူ့ကို ပြန်ပြုံးပြလိုက်ပြီး
"မဟုတ်ပါဘူး ဒီအတိုင်းပဲ ဒီနေရာလေးကိုသဘောကျလို့"မာန် ထိုမျှသာပြောပြီး ဝင်တော့မဲ့နေရဲ့ အလှကို တဝကြည့်ရင်း
"ဘုရားရှိပြီး ပြန်ကြမယ်လေ မိုးစက်မေရှင်"
သူ့နာမည်အပြည့်အစုံအခေါ်ခံလိုက်ရသောကြောင့် ရင်ထဲ ထိတ်ကနဲ့ဖြစ်သွားရသည်
YOU ARE READING
သူသာလျှင်
Romanceမိုးစက်မေရှင်-------- တက္ကသိုလ်တခုရဲ့ Queen ကိုကိုကရှင်လေးကို ရှိတယ်လို့တောင်ထင်ရဲ့လား ကိုကို မိုးစက်မာန် ကျောင်းပြောင်းလာတဲ့ ခပ်အေးအေး Tomboy လူတိုင်းမှာမာနရှိတယ် ကို့မာနပဲ အဖိုးတန်တယ်ထင်ရင် သိပ်မှားသွားမှာပေါ့ မိုးထက်မြင့် ရှင်လေးရဲ့အပါးတော်မြဲပဲ...