Ep-2

1.9K 95 1
                                    

မာန် ရူပါကို အိမ်ထဲဆွဲခေါ်လာပြီး
"တော်ပါတော့ဟာ လူမိုက်ကြီးကျနေတာပဲ တော်လိုက်တော့"

မာန်ရဲ့ မျက်မှောက်ကျုတ်ပြောလာသောစကားကြောင့်
ရူပါ ခါးကို မာန်ပါပါထောက်လိုက်ပြီး

"ဘာဖြစ်လဲ မိုးစက်မာန်ကို ထိလာသမျှ ရန်သူတွေကို ဒီကရူပါချိုက တိုက်ထုတ်ပစ်မှာမလို့ အားကိုးလိုက်စမ်းပါဟာ"
သူ့ကိုသူ အမွှန်းတင်သော ရူပါကို တချက်သွားဖြီးပြလိုက်ပြီး
မာန်အခန်းထဲသို့ပြေးဝင်သွားသည်

ရူပါ အနောက်ကနေ ပြေးလိုက်လာပြီး
" မာန် မာန် ဘယ်သွားမလို့လဲ"

မာန်အနောက်ကိုပြေးလိုက်လာသော သူမ

မာန် အခန်းတံခါးကို အသာဟပြီး
"နားညည်းလို့ ဟုတ်ပြီလား" ရူပါ မာန်ကို စပ်ဖြီးဖြီးလုပ်ပြပြီး

"ငါလည်းဝင်မယ်"

မာန်အခန်းထဲကိုအတင်းတိုးဝင်လာသော ရူပါ
ဘယ်သူ့ကိုမှ အခန်းထဲမခေါ်ဖူးသော မာန်

ရူပါကို စိုက်ကြည့်လိုက်ပြီး
"ပေါက်ကရလျှောက်မလုပ်နဲ့ ငါရေချိုးဦးမယ် ပြီးရင်လိုက်ပို့မယ်" မာန်ရေချိုးခန်းထဲဝင်သွားသည်

ရူပါကတော့ မာန်ရဲ့အခန်းကို ငေးနေသောကြောင့် သူပြောတာ သတိမထားမိ

သပ်သပ်ရပ်ရပ်အခန်းလေးဖြစ်တဲ့အပြင် ပစ္စည်းများများစားစားမရှိ

မိန်းခလေးအသုံးအဆောင်လုံးဝကိုမရှိ

ရူပါ မာန်ရဲ့ အဝတ်အစားချွတ်ထားခဲ့သည်ကို တချက်လေးလှမ်းကြည့်ကာ တောင်ကြည့်မြောက်ကြည့်လုပ်ပြီး
အင်္ကျီကိုကောက်ယူကာ အသာအယာလေး နမ်းမိသည်

****အားးးးမွှေးလိုက်တာ မာန်ရဲ့ကိုယ်သင်းနံ့လေး*****

မာန်ရေချိုးပြီး ပြန်ထွက်လာသည်

ရူပါကတော့ မာန်ရဲ့ အိပ်ယာမှာ အိပ်ပျော်လို့

မာန် သူ့ကိုတချက်ကြည့်ကာ ပြုံးလိုက်ပြီး
အဝတ်အစားအမြန်လဲကာ

ဂစ်တာကို ကောက်ကိုင်ပြီး ရူပါအနားကိုတိုးလိုက်သည်

"ဗြန်း ဗြန်း" အဆက်မပြတ်တီးပစ်လိုက်တော့

သူသာလျှင်Where stories live. Discover now