Yuri တယောက် Hotel မှာ ကူလုပ်နေတာ တစ်လပြည့်တော့မယ်။ စာဖိုမှူးကြီးကို ကူရင်း Macrons လုပ်တတ်နေသလို Apple Juice လဲ ကောင်းကောင်း ဖျော်တတ်ပြီ။ သူ့အလုပ်တွေ ပြီးတာနဲ့ သူ စားဖိုဆောင်ကိုပဲ တန်းရောက်သလို အိမ်ရောက်ရင်လဲ သူတယောက်ထဲ ထမင်းစားစရာ မလိုတော့ ...
တကယ်တော့ သူ့ သူငယ်ချင်းလေးဆီ သွားဖို့ စိတ်ကူးထားပေမဲ့ Suprise လုပ်ချင်တာမို့ သူ မုန့်လုပ်တတ်အောင် အရင် ကြိုးစားနေခဲ့တာပါ...
တကယ်ဆို သူ့ဆီ သွားလည်မယ်တွေးထားပေမဲ့ အဲ့နေ့တည်းက သူအလုပ်ရှုပ်နေလိုက်တာ ဆီကာကို ဘာမှ အကြောင်းမပြန်ဖစ်ခဲ့ ...
ဒီလထဲမှာလဲ သူ့မွေးနေ့ရှိနေသေးတော့ ဘယ်လိုလေး လုပ်ပေးရမယ်ဆိုတာ ကျန်တဲ့သူတွေနဲ့ သူတိုင်ပင်ရမယ်... ဒီနေ့တော့ သူလုပ်ထားတဲ့ Macros လေးကို ယူပြီး အိမ်တော်ထိန်းနဲ့ ဦးလေးကြီးကို ကျွေးဖို့ လုပ်လာခဲ့တယ်။
" yuri ကလေး ရေ အိမ်မှာ သူဌေးပြန်ရောက်နေတယ် ..."
သူ့အတွေးနဲ့သူ မျောနေတုန်း ဦးလေးကြီး စကားကြောင့် သူ့ရင်ထဲ ပျော်သွားသည်။ သူ့ အဖေက ပြန်ရောက်နေတယ်ဆိုတော့ အလုပ်ကိစ္စကြောင့် လာတာ ဖြစ်ရမယ်
"ဖေဖေ အိမ်မှာ အေးဆေး နားဦးမယ်ထင်လား ဦးလေး"
"အထုပ်တွေတော့ ပါတာပဲ သမီးရယ် ကြာလောက်မယ် မထင်ဘူး"
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူ အဖေ့ကို သတိရနေခဲ့တာအမှန်ပင် ...
+++
"Hi Jess ... နောက်အပတ် ငါပြန်လာမယ် ဘာတွေ ဝယ်ခဲ့ ပေးရမလဲ"
"Tiff ရေ Channel တလုံးလောက်ဆို ရပါပီဟာ ငါ အဖေကို မုန့်ဖိုးတောင်းရဦးမယ် ... မွေးနေ့လက်ဆောင် အနေနဲ့ အဲ့တာ ဝယ်ပေးခိုင်းရမယ်"
"Okie girl ... အကျီကတော့ ငါ လက်ဆောင်ပေးမယ် နင်နဲ့ဆို အတော်လှမှာ ပြန်ရောက်မှ ကြည့်တော့နော်..."
"အင်း .. ရောက်တာနဲ့ ငါ့ဆီလာလည်နော် ငါပျင်းလှပြီ။ အိမ်မှာပဲ နေနေရတာ တနေ့တနေ့ ဟင်းချက်သင်နေရတာနဲ့ piano အချိန်နဲ့ ... 😥"
"ငါ မကြာခင်လာတော့မှာမို့ ပျော်နေလိုက်တော့ ခုတော့ဒါပဲနော် ... bye 😘😘😘"

YOU ARE READING
The Hope
Fanfictionတဖက်မှာပိတ်မိနေပီး ထပ်လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အစွန်းတဖက်မှာရောက်နေပေမဲ့လဲ သူလာကယ်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ ... "Yuri Kwon" ငါလိုချင်တာမှန်သမျှ ငါရခဲ့တာချည်းပဲ အဲ့တော့ ငါက ဘာကိုကြောက်နေရမှာလဲ ! "Jessica Jung" Where are we? Unicode - တဖက်မှာပိ...