1993 ခုနှစ်ရဲ့ တခုသော နွေဦးရာသီ Seoul မြို့ရဲ့ အထက်တန်းကျောင်းဝင်းထဲမှာ ကားတစီးရပ်နေခဲ့တယ်။"Yuri... သမီး ညနေကျောင်းဆင်းရင် မေမေလာကြိုနိုင်မှာ မဟုတ်ဘူးနော်။ "
"ဘာလို့လဲ မေမေ..."
"ဒီနေ့ ကျောင်းမှာ သမီးမငိုပဲနေမယ်လေ ညနေတော့ လာကြိုပေးပီး ဖေဖေကို သွားတွေ့ကျမယ်လေ...
အဲလို လုပ်လို့မရဘူးလားဟင် "
"အင်း မရဘူး သမီးရယ် မေမေ အလုပ်တွေရှိသေးလို့ ညနေ ချွဲလ် ဦးလေးကြီး လာကြိုပါလိမ့်နော်။ "
"ကောင်းကောင်းစာသင်ပြီး သူငယ်ချင်းအသစ်တွေနဲ့ ကစားခဲ့နော် သမီး "....
Grade 1 Aအခန်းထဲမှာ ကလေးမိဘတွေရော ကလေးတွေရော နေရာဦးထားပြီး ဆူညံနေပေမဲ့ ထမင်းဘူးလေးကိုင်ပြီး ဆံပင်တိုတိုလေးနဲ့ ကလေးမလေးကတော့ သူတယောက်ထဲ ငေးနေခဲ့ပါတယ်။ သူ့စိတ်ထဲ သူမိဘတွေက ဘာလို့ သူများမိဘတွေလို သူနဲ့ လိုက်ပြီး ခုံနေရာတူတူမဦးတာလဲ တွေးနေလေရဲ့...
"ဟဲ့... နင် ဒီနားထိုင်လို့ရတယ်။"
လေးတန်းမြောက် ပြတင်းပေါက်ရဲ့ဘေးမှာထိုင်နေတဲ့ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ကောင်မလေးတယောက် ...
"နင့်ကို ခေါ်နေတာ မကြားတာလား"
ယူရီ အဲ့ကောင်မလေးကို ငေးနေတုန်း တခြား ကောင်လေးတယောက်က အဲ့ကောင်မလေးဘေးထိုင်ဖို့ ပြေးသွားခဲ့တယ်။"နင် ထိုင်လို့မရဘူး။ ဟိုမှာ ရပ်နေတဲ့ ငါ့သူငယ်ချင်းဖို့ ငါဦးထားတာ" ပြောလဲပြောရင်း အဲ့ကောင်မလေးက Kwon Yuri ကို လက်ယပ်ခေါ်နေလေရဲ့...
ဆရာမ မဝင်လာခင် မိဘတွေ ထွက်သွားကျပေမဲ့ အတန်းထဲက ကလေး အချင်းချင်း စကားပြောသံတွေနဲ့ ဆူညံနေပါတယ်။ Kwon Yuri စိတ်ထဲ သူမိဘတွေနဲ့ သူတခါလောက် ကျောင်းလာချင်တယ်လို့တွေးနေတုန်းပဲ ဘေးက ကောင်မလေးက စိတ်ကူးတွေကို ပျက်အောင် လှမ်းပုတ်လိုက်ပါတယ်။
"ဟဲ့ ငါခေါ်နေတာကြာပီ။ နင် နားလေးတာလား ဟမ်?"
"ဟင့်အင်း ..."
"ငါ့နာမည်က Jessica... နင့်နာမည် ဘယ်လိုခေါ်လဲ "
"ငါ့နာမည်က Kwon Yuri"
....

YOU ARE READING
The Hope
Fanfictionတဖက်မှာပိတ်မိနေပီး ထပ်လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အစွန်းတဖက်မှာရောက်နေပေမဲ့လဲ သူလာကယ်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ ... "Yuri Kwon" ငါလိုချင်တာမှန်သမျှ ငါရခဲ့တာချည်းပဲ အဲ့တော့ ငါက ဘာကိုကြောက်နေရမှာလဲ ! "Jessica Jung" Where are we? Unicode - တဖက်မှာပိ...