Chapter - 6

168 14 0
                                    

"Yuri ... ငာတို့ ဒီကနေပြန်တာနဲ့ မတွေ့တော့မှာ မဟုတ်ဘူးမလား"

"အင်း...  ကျောင်းပိတ်ထားပေမဲ့ ငါတို့ တွေ့လို့ရပါတယ်။"

" အထက်တန်းတောင် ရောက်ပီနော်...  ဒါပီး ငါတို့ တဣသိုလ်တက်ရတော့မယ်။ နင် ဘယ်တက်မှာလဲ...  "

"ငါ အိမ်ကိုကူဖို့ စီးပွားရေးပဲ တက်ဖြစ်မယ်။ နင်ရော ဘာတက်မှာလဲ"

" ငါလား...  ငါဘာတက်ရမယ် မသိဘူး။ အိမ်က အဖေစီစဉ်တာ လုပ်ရမှာပေါ့ အမြဲ ငါတို့ကို အဖေကပဲ အုပ်ချုပ်နေကျလေ...  အဲ့တာထက် ငါက နင်နဲ့ ကျောင်းတူတူတက်ချင်တာ ဒာမှ ငါတို့ တူတူဆက်ပီး ရှိနေမှာ "

" Sica ကလဲ ကျောင်းမတူလဲ တွေ့လို့ ရတာပဲကို နင်ဆီ ငါလာလည်မှာပော့...  နင်တက်ချင်တာကိုသာစဉ်းစားပီး ရွေးချယ်...  ငါက စီးပွားရေးကို တကယ် ဝါသနာပါလို့ ရွေးတာ...  နင်အတွက်ကျ အဆင်ပြေချင်မှ ပြေမှာလေ...  "

"Yuri ... ငါ့တွက်တော့ နင်က သူငယ်ချင်းကောင်းပဲ သိလား...  " 

အမှန်တိုင်းပြောရရင် Jessica အတွက် ရွေးချယ်စရာတွေက သိပ်မရှိပါဘူး။ သူတို့အိမ်ရဲ့ သြဇာက ပဲကိုင်ရှင် အဖေကပဲ ဆုံးဖြတ်တာ တကယ်တော့ သူမှာ လုပ်ချင်နေတဲ့ ဝါသနာဆိုတာလဲ မရှိဘူး။ ငယ်ငယ်ကတည်းက ထားရာနေ စေရာသွား ဖြစ်ခဲ့တာ..  အမြဲတမ်း အမိန့်နာခံတတ်နေသူမို့ ခု သူကို ချပေစမဲ့ အမိန့်ကို စောင့်ရမှာပေမဲ့ သူငယ်ချင်း Yuri နဲ့တော့ မခွဲလိုတာ အမှန်ပင် ....

•••••••••

ဂျပန်မှာ သူတို့ သူငယ်ချင်းအုပ်စုလိုက် အတော်ပျော်ခဲ့ကျသည်။ Taeyeon က အိမ်နဲ့ ထပ်ပြီး ခရီးစဉ်ရှိနေသလို fany ကလဲ သူအဖေနဲ့ New York ကိုပြန်ပီး သူအစ်ကိုဆီသွားမယ်တဲ့... YoonHyun ကတော့ ဘာအစီစဉ်မှ မရှိပေမဲ့ စာဂျပိုး ၂ယောက်မို့  Jessica တယောက်အတွက် လည်ဖို့ ပတ်ဖို့ ခေါ်ဖို့ရာ အဆင်မပြေနိုင်ပေ။ တကယ်တော့ သူလဲ အားနေပီး အိမ်မှာ ရှိနေရတာကို မကြိုက်လှပေမဲ့ အိမ်က ပိတ်ရက်မှာ အမြဲ အိမ်မှာပဲ ရှိစေချင်တာဆိုတော့ Jessica အတွက် ရွေးချယ်စရာ မရှိခဲ့...

အထက်တန်းပိတ်ရက် နွေရာသီမှာတော့ Kwon Yuri တယောက် သူတို့ မိသားစုပိုင်တဲ့ ဟိုတယ် တခုမှာ အလုပ်သင်အနေနဲ့ စကူနေရတာမို့ မအားလပ်ပါ။ မေမေသဘောအရ သူ အလုပ်ဝင်ရပေမဲ့ သူအတွက်လဲ ပညာရသလို ပျော်စရာလဲ ကောင်းသည်။

The HopeWhere stories live. Discover now