ကျောင်းခန်းရဲ့ ဆေးခန်းလေးတခုမှာ ကောင်မလေးတယောက် မေ့နေတဲ့ သူငယ်ချင်းရဲ့ လက်ကို ကိုင်ရင်း နေနေခဲ့ပါတယ်။
"တအားလဲ မစိုးရိမ်ပါနဲ့ ဒါဖြစ်နေကျပဲ ...နောင်နှစ်ဆို အထက်တန်းတောင် ရောက်တော့မှာပဲမလား။ ခုမှ ရာသီစက်ဝန်း စလာတာဆိုတော့ သွေးပေါင်ကျပီး မူးလဲတာပါ "
"ဟုတ်ကဲ့ပါ ဆရာမ... " Kwon Yuri တယောက် ဆရာဝန်မလေးကို မော့ကြည့်ပြီး ဖြေလိုက်ပေမဲ့ Sica ခုထိ သတိမရသေးတာကို သူစိတ်ပူနေတုန်းပါပဲ။
တကယ်တမ်း သူ့ ဆီကာအပေါ် ဒီထက်ပိုပီး ဂရုစိုက်သင့်တာ။ သူ့ဘဝမှာ အမေပြီးရင် ပထမဆုံး သူအပေါ် ကြင်ကြင်နာနာရှိတဲ့ မိန်းကလေးတယောက်...
အဖေက အမြဲ အလုပ်တွေနဲ့ ရှုပ်နေပြီး သူ သိတတ်စအရွယ်ရောက်လာတော့ နောက်ထပ် အမေ မဟုတ်တဲ့ အမျိုးသမီးတွေနဲ့ပါ ရှုပ်နေတာကို သူသိလာခဲ့ပါတယ်။ အမေကတော့ အရမ်း မာနကြီးတဲ့ မိန်းမတယောက်ပါ။ သူ တဖြေးဖြေး နားလည်တဲ့ အရွယ် ရောက်လာလို့လား မသိ အဖေကို အရင်လို လှမ်းသတိပေးတာမျိုးတွေတောင် မလုပ်တော့ပဲ သူ့စီးပွားရေး အလုပ်တွေအပေါ်ပဲ အာရုံထားတော့တယ်။
တခါတလေ အလုပ်ခရီးတွေက ပြန်ရောက်တိုင်း သူ့ပညာရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး အကြံပေးသလို သူ့အတွက် လိုလေသေးမရှိ ထောက်ပံပေးတဲ့သူတယောက်ပါ။
မူလတန်းထဲက ခင်ခဲ့ရတဲ့ သူငယ်ချင်းကတော့ Jessica ပါပဲ... ခုဆို သူနဲ့ပဲ အချိန်ကုန်တာများသလို လေးနှစ်ကွာတဲ့ သူ့ညီမလေး Krystal ကတောင် သူ့ကိုဆို အရေးတယူ ရှိတဲ့အထိ Jessica က သူ့အပေါ် အရေးပေးခဲ့ပါတယ်။
"Sica... ငါတောင်းပါတယ်။ နောက်ဆို ဒီထက်ပိုပြီး ငါဂရုစိုက်ပါ့မယ်"
.
.
သူစိတ်ထဲ သူ ငယ်သူငယ်ချင်းလေးအပေါ် စိုးရိမ်စိတ်တွေနဲ့ သူကိုယ်သူ အပြစ်တင်လို့မဆုံး... တကယ်ဆို"တကယ်လား ? နောက်ဆို ငါ့ကို ပစ်မထားပါဘူးလို့ ကတိပေးမှာလား? "
သူ့ကိုင်ထားတဲ့လက်ကို တင်းတင်းဆုပ်ရင်း မျက်လုံးမဖွင့်ပဲ မေးနေတဲ့ အဲ့ကောင်မလေး... သူ ငေးနေရင်း စိတ်ထဲကနေရော ပါးစပ်ကပါ ထုတ်ပြောမိတဲ့အထိ သူ ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်။
YOU ARE READING
The Hope
Fanfictionတဖက်မှာပိတ်မိနေပီး ထပ်လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အစွန်းတဖက်မှာရောက်နေပေမဲ့လဲ သူလာကယ်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ ... "Yuri Kwon" ငါလိုချင်တာမှန်သမျှ ငါရခဲ့တာချည်းပဲ အဲ့တော့ ငါက ဘာကိုကြောက်နေရမှာလဲ ! "Jessica Jung" Where are we? Unicode - တဖက်မှာပိ...