အရမ်း ခမ်းနားတဲ့ Cannes Flim Festival ပွဲတော်ကြီး ကျင်းပတော့မဲ့အချိန် နီးကပ်လာပြီ။
နာမည်ကြီး ဟိုတယ်တခုရဲ့ အခန်းတခုထဲမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ ဒီဇိုင်နာဆီက ဝတ်စုံ တစ်စုံနဲ့ ...
ဘေးနာမှာလဲ မီလျံ သိန်းချီတန်တဲ့ လက်ဝတ်ရတနာ တဆင်စာ...
အကောင်းဆုံး မိတ်ကပ်ဆရာတွေ ဝိုင်းဝိုင်းလည်ကြားထဲက ကောင်မလေးတယောက် ...
" J ... ပြီးတော့မှာလား? မင်း အဲ့ ဝတ်စုံလေးနဲ့ ကိုယ်မြင်ချင်လှပြီ။ "
"Fitting ချတုန်းကလဲ မြင်ခဲ့ပြီးသားပဲကို... ပိုနေပြန်ပါပီ"
"အော် အဲ့တုန်းက ခုလို မိတ်ကပ်အပြင်ဆင်တွေမပါဘူးလေ။ သေချာတယ် ဒီက entertainment က တောင် J ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလောက်တယ်။ "
"အတော်လုပ်ပါ T ရာ ကိုယ်က အဲ့လောက် မလှပါဘူး။ ပြီး ဒီဇိုင်နာနဲ့ ဒီက မင်းသမီးတွေနဲ့ ဘော်ဒီချင်းကလဲ ကွာတာပဲကို..."
"အော် ကြည့်ပါ ... ကိုယ်ပြောတာ မယုံ စောင့်ကြည့်ပေါ့ "
"အင်းပါ... ဟုတ်ပြီ
Thanks for ur help" နော် T,"ခဏလောက် ရှေ့ကို တည့်တည့်ကြည့်ပေးပါ Ms.Jung... "
မှန်ထဲမှာ မြင်နေရတဲ့ သူပုံရိပ်ကို သူကြည့်တော့ ရင့်ကျက်တည်ငြိမ်မှုတွေထက် ပိုပိုရဲရင့်လာတဲ့ မျက်လုံးအရောင်တွေနဲ့..
မှန်တင်ခုံပေါ်တင်ထားတဲ့
"Ms.Jessica Jung" ဆိုတဲ့ invitation letter ရယ်ပြီးတော့ ဘာမှ notification မပြနေတဲ့ ဖုန်းလေးတစ်လုံးရယ်...
သူက ခုချိန်မှာ သူလိုချင်တာတွေ ရနေပြီဆိုတဲ့ အနေအထားမှာရောက်နေပြီ။ သူဘာတွေကို စိုးရိမ်နေရမှာလဲ ဘာတွေကို သူမလုပ်ရဲနေရဦးမှာလဲ....
တကယ်တန်း ခုလို အခြေအနေဆိုတာ သူ ငယ်ငယ်ကတည်းက လိုချင်နေခဲ့ဖူးတာ...
သူ့အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်နေပြီလေ။ ပြီးတော့...
"Ms.Jung မိတ်ကပ်က ပြီးပြီ... အကျီ ဝတ်ကျရအောင်။ Mr.Tylor ကတော့ ဒီထဲကနေစောင့်မှာလား"

YOU ARE READING
The Hope
Fanficတဖက်မှာပိတ်မိနေပီး ထပ်လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အစွန်းတဖက်မှာရောက်နေပေမဲ့လဲ သူလာကယ်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ ... "Yuri Kwon" ငါလိုချင်တာမှန်သမျှ ငါရခဲ့တာချည်းပဲ အဲ့တော့ ငါက ဘာကိုကြောက်နေရမှာလဲ ! "Jessica Jung" Where are we? Unicode - တဖက်မှာပိ...