Chapter - 8

170 16 9
                                    

April -18

Jessica အတွက် မွေးနေ့ဆိုတာ သူငယ်ချင်းတွေ ဖေဖေလုပ်ငန်းက မိတ်ဆွေ သားသမီးတွေဖိတ်ပြီး ပါတီလုပ်ပေးတဲ့ ပွဲတခုပဲ၊ သူငယ်ငယ်တည်းက သူအဖေက အိမ်ရဲ့ အဓိက ဦးဆောင်သူ အမေက အရာရာကို အဖေ့ဆန္ဒတိုင်း လိုက်နာတတ်သူ။ ဒီနှစ် သူ့အဖေက ၁၈ ရက်နေ့ မအားလို့ ၁၆ ရက်နေ့တည်းက မွေးနေ့ပါတီ လုပ်ပေးခဲ့ပြီးသား။ ထူးထူးခြားခြား သူ့ သူငယ်ချင်း Yuri တယောက် မလာခဲ့ ဘယ်တော့မှ လက်ဆောင်နောက်မကျတတ်တဲ့သူက ခုတော့ လူတောင် အကောင်လိုက် မပေါ်ခဲ့ 😑

မကြာခင်ဆို ကျောင်းတောင် အောင်စာရင်းထွက်တော့မယ် သူကတော့ ခုထိ ပေါ်မလာ ဇာတ်ကားရိုက်နေတုန်း။ ကျောင်းဖွင့်ရင် အထက်တန်းရောက်တော့မှာမို့ သူတို့ စာတွေပိုခက်ပြီး အားလပ်ချိန်တွေ မရှိတော့မှာ သူက စိုးရိမ်နေတယ်။ ဒါပီးရင်လဲ သူကတော့ သူအဖေသဘောအတိုင်းလိုက်နာရမှာပေမဲ့ စာလုပ်ရမှာ တွေးပြီး ကြိုပျင်းနေတာလဲ အမှန်ပဲ ...

ဒီနေ့ သူမွေးနေ့ဆိုတော့ စိတ် ပျော်ရွှင်ရအောင် သူကတော့ ကျောင်းကိစ္စခဏမေ့ထားလိုက်ဦးမယ် မလိုတာတွေ မတွေးတာ အကောင်းဆုံးပဲ။ သူကို မနေ့က Fany ဖုန်းဆက်ပီး ရှော့ပင်းထွက်ဖို့ ချိန်းထားတယ်။ Krystal ကပါ ရှာရှာပေါက်ပေါက် လိုက်ဦးမယ်တဲ့ ... ခဏနေ လာမယ်ပြောပီး ပေါ်မလာသေး ...

သူက မျှော်ရတာကို စိတ်မရှည်တာနဲ့ ပိုပို ကြာလာသလို စိတ်တိုချင်လာပြီ။ ထိုစဉ်

"Hey Jess... အဆင်သင့်ဖြစ်ပီလား ?"

"ကြာလိုက်တာ နင်ကလဲ ငါ တရေးတောင် အိပ်ပျော်တော့မယ်"

"စိတ်ရှည်ပါဟ နင် ပျော်ရစေမယ် တကယ် ..."

သူငယ်ချင်းဖြစ်သူကို ဘာမှပြန်ပြောချင်စိတ်မရှိတာကြောင့် မျက်ခုံးသာ ပင့်ပြလိုက်တော့ပါတယ် ...

...... ? ......
"Jess ငါ ယူရီတို့ ဟိုတယ် ခဏဝင်ရအောင် အဲ့မှာ ညနေစာ စားပြီးမှ ရှော့ပင်း ကျမယ်လေနော်။"

"ဟုတ်တယ် Unnie ... အဲ့က buffet က အရမ်း တန်တာ ဝင်ကျမယ်လေနော် ..."

"... 😒"

"Silence is YES!!!!! Thanks Jess 😘"

..... ? .....

စိတ်ထဲမှာ ယူရီကို တော်တော်ကို အခဲ မကျေနေဘူး... သူအလုပ်လုပ်တဲ့ ဟိုတယ်ဆိုတာသိလေ သူ့ကို သတိရလေ အဲ့တော့ ပိုဒေါသထွက်လေပဲ ... ဟို ၂ယောက်ကလဲ ဟင်းတွေ သွားယူဦးမယ်ဆိုပီး ထသွားလေရဲ့ ... သူ အလုပ်လုပ်နေတုန်းကတော့ ဒီကို အရမ်းလာချင်ခဲ့တာ ... ခုတော့ 😡

The HopeWhere stories live. Discover now