"ဟဲလို ... ယူရီလား"
"အင်း Sica ..."
"နက်ဖန် အိမ်ကို ၁၀နာရီလောက် လာခေါ်နော် ပြီး မုန့်လုပ်တဲ့နေရာကို သွားကျမယ် အဲ့ကျ အမတယောက်နဲ့ မိတ်ဆက်ပေးမယ်။ နေ့လည်ကျ ငါက နင့်အိမ်လိုက်ခဲ့မယ် ဇာတ်ကား ကြည့်မယ် ညမှ ပြန်မယ်လေနော် ... နောက်ရက်ကျလဲ လာခေါ်ပြီး ရုပ်ရှင်သွားကြည့်မယ် ပြီးတော့ ငါက ရှော့ပင်းလဲ ထွက်ချင်သေးတာ ဒါနဲ့ အသစ်ဖွင့်ထားတဲ့ အင်္ကျီဆိုင်လဲ သွားမယ် ပြီးရင် ညနေစာ စားဖို့ နင်တို့ဟိုတယ်ကိုသွားကျမယ်နော်"
"အေးပါ ကျောင်းဖွင့်ဖို့ လိုပါသေးတယ် နင်လုပ်ချင်တာ အကုန် မှတ်ထား အလုပ်မဝင်ခင် လုပ်ပေးမယ် ဟုတ်ပီလား..."
"အင်း အာ့ဆို နက်ဖန်မှ တွေ့မယ် Good Night ..."
-......-.....
" Choi ဦးလေးရေ နောက် ၂နာရီလောက်နေမှ လာခေါ်ပေးနော် ..."
Jessica ခေါ်သွားတဲ့နေရာက တကယ်တော့ ပီဇာဆိုင်လေးတဆိုင် ... ဒါပေမဲ့ သူအသိ အမက ဒီဆိုင်က ပိုင်ရှင်နဲ့ ခင်တာကြောင့် အခုလို ကိုယ်တိုင်ကိုယ်ကျ မုန့်ဝင်လုပ်ခွင့်ရတာဖြစ်သည်။
"Park Min Young Unnie ဒါက ညီမ အချစ်ဆုံး သူငယ်ချင်း Kwon Yuri" တဲ့ ...
"Yuri ဒါ င့ါအမ သိတယ်မလား သူက မင်းသမီးလေ ငါနဲ့က ငယ်ငယ်တည်းက ခင်လာတာ အိမ်နီးချင်းတွေ ... နင်နဲ့ သိတော့ အမတို့က အိမ်ပြောင်းသွားလို့ မဟုတ် နင်နဲ့ပါ အရမ်းခင်မှာ သေချာတယ်"
"ဟုတ်ကဲ့ အမ တွေ့ရတာ ဝမ်းသာပါတယ်။ ဇာတ်ကားထဲကထက် အပြင်မှာ ပိုလှတယ်"
"Yuri ကိုလဲ တွေ့ရတာ ဝမ်းသာပါတယ်နော် ☺️"
"အာ့ဆို နင်ဒီမှာ အမနဲ့ တူတူ ခဏစောင့်ထားလေနော် ငါ သွားပြင်ဆင်လိုက်ဦးမယ်"
"အင်းပါ ... ဖိုက်တင်း"
"Jess က သူငယ်ချင်းကို တော်တော်ခင်တာပဲ။ သိတဲ့အတိုင်း သူက Krystal ကိုတောင် ဗိုလ်ကျနေကျဆိုတော့ Yuri ကိုလဲ ဆိုးမယ်ထင်တယ် ... ဒါမဲ့ သူက အမကို ညီမလေး အကြောင်း ခဏခဏ ပြောဖူးတယ်။ ပိတ်ရက်တောင် သူ့ဆီကို မလာလည်လို့ စိတ်ကောက်နေတာဆိုလား အမကလဲ ဇာတ်ကား တကား ရိုက်နေတာနဲ့ မသွားဖြစ်ဘူးလေ အဲ့တာ သူ့ကို မပျင်းရအောင် ဒီကို ပြောပီး တက်ခိုင်းလိုက်တာ ... ☺️"

YOU ARE READING
The Hope
Fanfictionတဖက်မှာပိတ်မိနေပီး ထပ်လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အစွန်းတဖက်မှာရောက်နေပေမဲ့လဲ သူလာကယ်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ ... "Yuri Kwon" ငါလိုချင်တာမှန်သမျှ ငါရခဲ့တာချည်းပဲ အဲ့တော့ ငါက ဘာကိုကြောက်နေရမှာလဲ ! "Jessica Jung" Where are we? Unicode - တဖက်မှာပိ...