Zawgyi version 💜
"Hello , Wang ကတော် ကျွန်မက Xiao အိမ်တော်ကပါ"
"ပြောပါ Xiao ကတော်"
"သားလေးတို့ ကျောင်းကသွားမဲ့ ခရီးက Indonesia ရောက်ရင် စီးဖို့ကား ကိုဘယ် လိုစီစဉ်ထားလဲရှင့် "
"Zhou မိသားစုက စီစဉ်ထားတယ်ပြောတယ် Yibo ကခုထိကျွန်မကို ဘာမှမပြောသေးဘူး ဒါတောင် သူများက ပြောလို့"
"ဟုတ်ကဲ့ပါရှင် အာ့ဆို သားငယ်လေးကိုလဲ Wang သခင်လေးတို့ နဲ့ ထည့်ပေးပါရစေ သားငယ်က ဒီနှစ်မှ ပထမနှစ်ဆိုတော့ ဘာမှ မသိသေးလို့ပါ"
"ရတာပေါ့ ရတယ် ရတယ် ကျွန်မပြောထားလိုက်ပါမယ်"
"အာ့ဆို ကူညီပေးပါဦး"
ဖုန်းပြောအပြီး.... Breakfastစားနေတဲ့ Yi Bo ကို အမေလုပ်သူက
"Yibo သား ခရီးသွားတဲ့ကိစ္စ မားလဲ မသိရပါလား"
"အော် မားရယ် အရေးကြီးတာမှမဟုတ်တာ"
"ခုဏ Xiao ကတော်ဖုန်းဆက်တယ်သား"
"အင်းဘာပြောလဲ မားမား"
"Zhan Zhan လေးကို ဟိုရောက်ရင် သားတို့ ကားနဲ့ ခေါ်ဖို့ ဂရုစိုက်ပေးဖို့ အကူညီတောင်းပါတယ်တဲ့"
"စိတ်ချမား ကိုယ်ဖိရင်ဖိ စောင့်ရှောက်လိုက်မယ်"
လူယုတ်မာအပြုံးနဲ့ ကျောင်းကိုထွက်သွားလေရဲ့.
...............................................................................
လူရှေ့တည့်တည့်လာရပ်ပြီး လက်ထဲမှာလဲ ချောကလတ်ဘူးနဲ့ ပိစိကွေးကောင်လေး
"ဘာလုပ်တာလဲ "
"မင်းကိုပေးတာလေ "
"မြန်မြန်ယူ စီနီယာ Zhou Cheng မလာခင်"
"အဟက် ဘာလဲ မင်းက သူသိသွားမှာစိုးလို့လား မင်းငါ့ကို ပေးတာကို"
"ထွီး ခဗျားနေကောင်းရဲ့လား ဘယ်သူက ခင်ဗျားကိုပေးလို့လဲ "
"ဒါဆို ဘာလို့ ငါ့လက်ထဲလာထည့်တာလဲ "
"ခင်ဗျားကိုပေးတာတော့ ပေးတာ ဒါမဲ့ ကျွန်တော်မဟုတ်ဘူး ဟိုနောက်က အခန်းထောင့်မှာ ရပ်နေတယ်"
လှည့်ကြည့်လိုက်တော့ မနေ့က Xiaozhan နောက်ကို လိုက်ပေးနေတဲ့ ကောင်မလေး