Zawgyi version 💜
Wang Yi Bo မနေနိုင်တဲ့ အဆုံး xiaozhan နူတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်ပြီး အင်္ကျီ လဲပေးကာ အိပ်စေလိုက်သည်။
မနက်လင်းတော့ သကောင့်သားက ဘာကိုမှ မှတ်မိပုံမပေါ်
"ကျွန်တော် အင်္ကျီတွေရော ခင် ခင်ဗျား""ငါလဲပေးထားတာ မင်းအန်ထားလို့ "
"ဒီအိမ်ကိုရော ဘယ်လိုရောက်လာတာလဲ "
ညက ဖြစ်ပျက်သမျှကို ရှင်းပြလိုက်တော့(သူ့ကိုနမ်းမိတာတော့မပါဘူးပေါ့) ကျေးဇူးတင်ပါတယ်ဆိုတဲ့ မျက်နှာလေးနဲ့
"မင်းမသောက်နိုင်ပဲ ဘာလို့ သောက်လဲ ညနေလဲ ခရီးသွားရ ဦးမယ် "
"ဟုတ်သားပဲ ကျွန်တော်ပြန်တော့မယ် နောက်မှ ခဗျားအင်္ကျီတွေ ပြန်ပေးမယ်နော် Wang Yi Bo"
သူ့အိမ်ရှေ့ထိပြန်လိုက်ပို့ပေးရသေးသည်။
အိမ် ရောက်တော့ ဧည့်ခန်းမှာထိုင်နေသော မားမား ကြောင့် အိမ်ထဲပင် ဆက်မဝင်ရဲ ကိုယ်က အမှားလုပ်ထားတယ်မလား
"သား ညက ဘာလို့ ပြန်မလာတာလဲ"
"ညက ကျွန်တော့် အိမ်မှာ အိပ်တာပါ အန်တီ "
နောက်မှ ဝင်လာတဲ့ Wang Yi Bo ကြောင့် ၂ယောက်လုံး အံ့ဩသွားရသည်
" အေးအေး သား အန်တီက စိတ်ပူနေတာ တခါမှ အပြင်မှာ မအိပ်ဘူးတော့ လေ"
"ဟုတ် ကျွန်တော်သွားလိုက်ပါဦးမယ် "
Wang Yi Bo ထွက်သွားတဲ့နောက် လိုက်လာရင်း
"ဘာလို့ အိမ်ထဲ ထိလိုက်လာတာလဲ "
"မင်းကိုစိတ်ပူလို့လေ အိမ်ထဲ ဝင်ရမှာကြောက်နေတယ်ထင်လို့ "
"ကျေးဇူးပဲ ညနေ airportမှာ တွေ့မယ်"
နူတ်ဆက်လိုက်တော့ ပြုံးပြ ပြီး ကားပေါ်တက်ကာ ပြန်သွားတော့သည်
သူကားထွက်သွားတာကို ကြည့်ပြီးမှ အိမ်ထဲပြန်ဝင်လာတော့ ခုဏ ဆူချင် နေတဲ့ မား မားလဲ မတွေ့တော့
အိမ်ပေါ်တက်ပြီး ညနေ ခရီးသွားဖို့ ပြင်ဆင်ရတော့သည်
..................................................................
At airport