Unicode version 💜
အိမ်ပြန်ရောက်တော့
"သားတို့ ညက ဘယ်သွားနေကြတာလဲ ဟယ်Yi Bo သား ခေါင်းက ဘာဖြစ်လာတာလဲ "
"ကျောင်းက ခုံစောင်းနဲ့ တိုက်မိတာမားမား ""ဆေးခန်းသွားမယ်လေ လာ လာ "
"ဆေးခန်းလဲ ပြပြီးပြီ ,"
"အငယ်လေးရော ပြန်ပါမလာဘူးလား ညက သားကိုသွားခေါ်မယ်ဆိုပြီးထွက်သွားတာ"
"ပါလာပါတယ် မားရဲ့ xiaozhan ကားပေါ်ကနေ ဆင်းမလာသေးတာ လမ်းသိပ်မလျှောက်နိုင်လို့"
ထိုစဉ် အိမ်ထဲကို ကွတ ကွတ ဝင်လာတဲ့ xiaozhan ကြည့်ပြီး Yi Bo တစ်ယောက်ရယ်ပါလေရော
Xiaozhanကလဲ နဂါးသာဆိုခံရတဲ့သူ ပြာကျလောက်တဲ့ မျက်စောင်းတွေထိုးရင်းXiaozhan နဲ့စကားမပြောဖြစ်တာ ၁ပတ်ရှိတော့မယ်
ဒီမနက်တော့ Yi Bo. တစ်ယောက် မနေနိုင် မထိုင်နှင့် အခန်းတံခါးသွားခေါက်ရတော့သည်။
ဒေါက် ဒေါက်တော်တော်နဲ့လာမဖွင့် လှည့်ပဲ ပြန်ရမလား ဆက်ပြီးရပ်နေရမလားမသိ ခဏကြာတော့ တံခါးဖွင့်သံကြောင့် လန့်သွားရသည်။ အခန်းထဲမှ ထွက်လာတဲ့ ယုန်ပေါက်က
"ဘာကိစ္စရှိလဲ Yi Bo "
*ဘယ်လို တွေစိမ်းကားနေတာလဲ * တချက်တွေးလိုက်မိပြီး
"အင်းမင်းကို ဒီရက် မတွေ့ရလို့ ငါ့ကိုရှောင်နေတာလား ဘာလို့လဲ "
ဟုတ်ပါတယ် xiaozhan တစ်ယောက် သက်သက်ကိုရှောင်နေတာ ရှက်လွန်းလို့
ထိုစဉ်နောက်မှ အိမ်တော်ထိန်းရောက်ပြီး
သခင်လေး Yi Bo"မမလေးပြန်လာပြီ အောက်မှာ ရောက်နေတယ်"
Yi Bo အောက်ထပ်ကို. ချက်ချင်းပြေးဆင်းသွားသည်။
Xiaozhan တစ်ယောက်လဲ အူတူတူနဲ့မမလေး ဆိုတာနဲ့ တစ်ပတ်လောက်စကားမပြောတဲ့သူ့ကို ပစ်ပြီး ထွက်သွားရအောင် ဘယ်သူမို့လို့လဲ ဆိုတဲ့အတွေးနဲ့ အောက်ထပ်ကို လှမ်းကြည့်မိတော့
Wow !!!!!
ကြည့်မိတဲ့သူပင် ပါးစပ်အဟောင်းသားအရပ်က ရှည်ရှည် ကို လည်သာဘောင်းဘီအနက်နဲ့ ဒေါက်ကလဲ မြင့်မြင့် ဆံပင်တွေကို အပေါ်မှာစုပြီးချည်ထားတော့ ကျက်သရေရှိတဲ့မျက်နှာကလဲပေါ်လွင်လို့ အပေါ်က ဝတ်ထားတဲ့ ကုတ်လက်ရှည်ကလဲ အသားအရောင်ဝင်းဝင်းကို ပေါ်လွင်စေသည်။