part 16

22.3K 1.5K 31
                                    

Unicode version 💜

"Xiaozhan လက်က ဘယ်လို ဖြစ်တာလဲ "

'"ဖန်ကွဲရှတာ "

Yu bin အမေးကို ပြီးစလွယ်ပြန်ဖြေရင်း ကျောင်းထဲကို ဝင်လာတဲ့ အမိုးပွင့်ကားလေးကိုငေးမိနေသည်။

"Yu bin ကျောင်းကိုအမိုးပွင့်ကားနဲ့ လာတဲ့သူရှိလား"

"ဟင် ဘယ်မှာလဲ ဘယ်မှာလဲ "

"မင်းခေါင်းကိုအဲ့လောက်ပတ်ချာလှည့်ကြည့်မှတော့ မြင်ရမလားဟ "

"အခုမှဝင်လာတာ ဟိုမှာ မင်းအဖေကားက "

တစ်ယောက်ထဲ မူးနောက်အောင်ရှာနေသည့် Yu bin. ကိုခေါင်းကိုင်ပြီး လှည့်ပြလိုက်သည်။

Wow !

"Xiaozhan ဟိုမှာ Yi Bo မဟုတ်ဘူးလား သူကိုလာခေါ်တာလား အဲ့ကားက "

"ငါဘယ်သိမလဲ လာ အတန်းသွားတက်မယ်"

"ဟျောင့် မင်းပဲမတက်ဘူးဆိုလို့ထွက်လာတာလေ"

Yu bin လဲ.  Xiaozhan ဆွဲရာနောက်ကို ရပ်ကန်ရပ်ကန်ပါသွားသည်။
အတန်းသွားတဲ့ လမ်းမှာ

"စီနီယာ ကိစ္စရှိလို့လား ဒီဘက်ကို "

ZhouCheng တစ်ယောက်  Yu bin ကိုလာပတ်တာ လူမိလေတော့

"အင်း ဒီတိုင်းလျောက်လာဖြစ်တာ "

Xiaozhan အမေးကို ကောင်းအောင်ပြန်ဖြေလိုက်သည်း။

"စီနီယာ ခုဏ အမိုးပွင့်ကားနဲ့ ကောင်မလေးကိုသိလား xiaozhan ကိုပြောပြလိုက်ပါလား သိရင် "

တကယ်တော့ ZhouCheng မပြောချင်ပါ ။yu bin ပြောခိုင်းနေတော့ ပြောရတော့မည်။

"သူ့နာမည်က Chu Chu တဲ့ ....
မူလတန်းကတည်းက ကျောင်းတူတူပဲ
တယော ပညာရှင်တစ်ယောက်ပေါ့ Yi Bo ကဲ့ အချစ်ဦးဆိုလဲ ဟုတ်တယ်  ခုမှသတိထားမိတယ် သူလဲ xiaozhan  လိုပဲ မဲ့လေးနဲ့ နူတ်ခမ်းမှာ နောက် သူ နိုင်ငံခြားသွားတော့ ပျက်သွားကြတယ် ထင်တာပဲ "

ZhouCheng စကားကို ဆုံးအောင်နားထောင်ပြီးမှ

"အာ့ကြောင့်တွေ့ဖူးတယ်ထင်နေတာ မနေ့က အိမ်ကိုလာသေးတယ် "

"Xiaozhan မင်းအိမ်ကို သူက ဘာလာလုပ်တာလဲ "

"ငါ့အိမ်မဟုတ်ဘူး Yi Bo အိမ်ကို "

Crush's friend.( Completed )Where stories live. Discover now