Unicode version 💜
ဒေါက် ဒေါက်
Yi Bo တံခါးဖွင့်ကြည့်လိုက်တော့"အင်း xiaozhan ကျောင်းသွားဖို့တောင် ပြင်ပြီးပြီလား "
"ဟိုလေ... စီနီယာကို တခုလောက်အကူညီတောင်းချင်လို့ "
"အင်းပြောလေ ငါဘာကူညီရမလဲ xiaozhan "
"ကျွန်တော် စီနီယာတို့ အိမ်မှာနေတာကို ကျောင်းက သူတွေကို မပြောပါနဲ့နော် "
"အင်း ကောင်းပြီ ခဏနေ ငါနဲ့ ကျောင်းသွားမယ်နော် "
..........................................................................
"ကျောင်းရောက်ခါနီးပြီ ကျွန်တော် ဒီမှာပဲ ဆင်းလိုက်မယ်"
"Xiao Zhan ညနေ မင်းအဆောင်ရှေ့ကစောင့်နေမယ် "
xiaozhan တစ်ယောက်ခေါင်းငြိမ့်ပြပြီး ကားတံခါးဖွင့်ကာ ဆင်းသွားသည် ။
"ဟဲ့ အဲ့တာ Wang Yi Bo မလား"
"အေးလေ ကျောင်းကို ကားနဲ့ လာတာ ထူးဆန်းလိုက်တာ "
"ငါက ကားမမောင်းတက်ဘူးတောင်ထင်နေတာ "
ကျောင်းထဲ က မမ တစ်သိုက် ရောက်ယှက်ခက်နေကြသည်။
"Yi Bo အထူးအဆန်းကားနဲ့ လာလို့ပါလား "
ကားပေါ်က ဆင်းတော့ ZhouCheng စကားကြောင့် xiaozhan ထွက်သွားတဲ့ ဘက်ကို မျက်စ ပစ်ပြလိုက်သည်။
"အော် မင်းက မင်းခလေးကိုပါ အကြိုအပို့လုပ်တာပေါ့ "
"လာပါ ZhouCheng ရယ် အတန်းသွားတက်ရအောင် ပြီးရင်မင်းကို မေးစရာလဲရှိတယ် "
"အတန်းပြီးရင် ငါ ဒိတ်ထားတယ် မအားဘူး "
"ဘယ်သူနဲ့လဲ "
"Yu bin လေ ငါသူနဲ့ ပြောစရာလေးတွရှိလို့ ''
......................................................................
အတန်းလဲ ဆင်းရော ZhouCheng တစ် ပျောက်သွားပါလေရော
ပထမနှစ်အဆောင်ရှေ့သွားပြီး Yu bin က်ုသွားစောင့်နေလေရဲ့ ဟိုက xiaozhan နဲ့တူတူ ထွက်လာတာ မြင်တော့မှ"Xiaozhan မင်းကို Yi Bo စောင့်နေတယ်မလာူ ပြန်ဖို့ "
"မဟုတ်ဘူးစီနီယာရဲ့ သူက ဒီမှာလာစောင့်မယ် ပြောတာ "