Unicode version 💜
ခရီးက ပြန်ရောက်ကတည်းက xiaozhan တစ်ယောက် ကိုကျောင်းမှာ သိပ်မတွေ့ရ Wang Yi Bo တစ်အိမ်လိုက်သွားပြီးပဲ တောင်းပန်ရတော့မလို
ဘာလုပ်ရမှန်းမသိ အရင်လို ငေးကြည့်စရာမျက်နှာလေးတောင် မတွေ့ရတော့ လွမ်းသလိုလိုတော့ ရှိသားဘာလိုလိုနဲ့ တစ်ပတ်တောင်ရှိပြီကျောင်းမတက်တာ သူ့သူငယ်ချင်းကိုလဲ မတွေ့ရ မားမား ကိုမေးခိုင်းရအောင်လဲ မားက ခရီးသွားနေသည်။
ပက်လက် ကုလားထိုင်ပေါ်ထိုင်စဉ်းစားနေရင်း
*မေလျန် ရှိသေးတာပဲ *သတိရသွားကာ ဖုန်းဆက်ဖို့ ကြံတော့ ဆက်စရာနံပတ်က မရှိ ZhouCheng ဆီဖုန်းဆက်မေးရတော့သည်။
"ဟလို မေလျန် ငါ Yi Bo , xiaozhan ကျောင်းမတက်လို့ ဘာများဖြစ်နေလဲလို့ "
"နင်ပဲ မသိတာ သူ့အမေ နှလုံးဖောက်ပြီး ဆုံးသွားလို့လေ ခရီးက ပြန်လာပြီး နောက်တစ်ရက်ပဲ "
"ငါတကယ်မသိလိုက်ဘူး ငါ့ အမေကလဲ ခရီးထွက်နေတယ် အဖေကလဲ company မှာပဲ "
"နင့်အဖေက သူတို့ company ကိုအကြွေးနဲ့ သိမ်းလိုက်တာ သူ့ဦးလေးက နင့်အဖေဆီမှာ သူတို့ အခုနေတဲ့ အိမ်တွေပါပေါင်ထားတာ "
"အခုသူ့ဦးလေးကရော "
"ထွက်ပြေးသွားပြီလေ "
"Xiaozhan က အခုဘယ်မှာနေတာလဲ "
"လောလောဆယ်တော့ သူ့အိမ်မှာပဲ သူ့အမေမသေခင်ရက် ငါတို့ ခရီးက ပြန်မလာခင်က နင့်အဖေကို သွားတွေ့သေးတယ်ပြောတာပဲ "
"ငါ့အဖေက ဘာမှလဲမပြောဘူး ငါ့ကို ကျေးဇူးပဲဟာ ပြောပြပေးတာ "
"အေးပါ နှစ်သိမ့်ပေးလိုက်ပါဦး သူက ငယ်ငယ်ကတည်းက အဖေလဲ မရှိတော့ သူဝမ်းနည်းနေမှာ "
ဖုန်းချပြီးတော့ ဘာလုပ်ရင်ကောင်းမလဲ တစ်ခဏ စဉ်းစားလိုက်သည်။ပြီးတော့ ဆိုင်ကယ်သော့ယူကာ xiaozhan တို့အိမ်ဘက် ထွက်လာခဲ့လိုက်သည်။
..............................................................................."သခင်လေးရယ် နဲနဲတော့စားလိုက်ပါ သခင်မကြီးရှိရင်လဲ စိတ်ကောင်းမှာမဟုတ်ဘူး သခင်မကြီး ဆုံးပြီးကတည်းက ဘာမှလဲ ဟုတ်တိပတ်တိမစားဘူး သောက်ပဲသောက်နေတယ် တော်ကြာ သခင်လေးပါ လဲသွားလိမ့်မယ်"
ဘေးကနေတချိန်လုံး လာပြောနေတဲ့ အိမ်တော်ထိန်းကြီးကြောင့် xiaozhan စိတ်ညစ်လာရသည်။