Unicode version 💜
Yi Bo တစ်ယောက် တယောက်ထိုးပွဲပြီးတော့ ဆရာတွေအတင် ခေါ်တာနဲ့ ညစာသွားစားဖြစ်သည်။
"Yi Bo တစ်ခွက် "
"အာ ဆရာ ကျွန်တော်မရတော့ဘူး "
"လုပ်ပါ တစ်ခွက်ပဲ Chu Chu ရှိတာပဲ မင်းကို အိမ်လိုက်ပို့မှာပေါ့ "
အတင်းတိုက်နေသော ဆရာကို အားနာတာနဲ့ ထပ်သောက်လိုက်သည်။
ခေါင်းပင် မထောင်နိုင်တော့"Yi Bo ပြန်ရအောင်လေ လာ ငါ့ကိုတွဲ "
"ဟင် xiaozhan ဘယ်က လာတာလဲ ငါ့ကို လာခေါ်တာလား "
ဘာမှ ပြန်မပြောပဲ တွဲလာလိုက်သည်။အခန်းထဲရောက်တော့ xiaozhan ကိုယ်လေူကို ဖက်ထားလိုက်သည်။ *ရေမွေးနံ့က အရင်သုံးနေကြ အနံ့ မဟုတ် အရက်နံ့တွေရောနေလို့ထင်ပါတယ်*
"Xiaozhan ,ရာ "
ပါးလေးကို တယုတယ နမ်းရင်း .....
မနက်မိုးလင်းတော့ဘေးမှာ လှဲနေတဲ့ကျောပြင်လေးကို ကြည့်ရင်း
"Zhan Zhan နိုးပီလား "
ဒီဘက်လှည့်လာပြီး
"Yi Bo ဘယ်က Zhan Zhan လဲ "
"ဟင် မင်း မင်း ဘယ်လိုရောက်လာတာလဲ "
"ညက နင်အရမ်းမူးနေလို့ ပြန်လိုက်ပို့တာ နင်ပဲ ငါ့ကို ပေးမပြန်ပဲ ဖက်ထားတာ "
Yi Bo တစ်ယောက် ခေါင်းကိုက်လာတာနဲ့
"Chu Chu မင်းပြန်တော့ ငါလိုက်မပို့တော့ဘူး "
"မျက်နှာတော့ သစ်သွားဦးမယ်လေ Yi Bo ရယ် "
ခေါင်းငြိမ့်ပြလိုက်သည်။
.................…................................................
"မိုးတောင်မလင်းသေးဘူး xiaozhan ရာ "
"ငါပြန်တော့မယ် လုပ်ပါ လိုက်ပို့ ပီးရင် ပြန်အိပ်လေ ကျောင်းလဲ ပိတ်တာပဲ "
"အေးအေး ပီးရော ခဏစောင့် "
Xiaozhan တစ်ယောက်အိမ်ပြန်ရောက်တော့ မားမားက ဧည့်ခန်းဝမှ
"သား ညက ဘာလို့ ပြန်မလာတာလဲ "
"သား သူငယ်ချင်းအိမ်မှာ သွားအိပ်လို့ပါ မားမား "