Unicode version 💜
အိမ်ပြန်ရောက်ကတည်းက Yi Bo ,တစ်ယောက် သူ့အမေကို အမေးအမြန်းတွေထူနေလေရဲ့
"မားမားရယ် သားက ဘာလို့ယူရမှာလဲ....
သူနဲ့ သူက ငယ်သေးတယ်လေ ...နောက်ပြီး သူက သားကိုမကြိုက်ရင်ရော ....
အိမ်ကို ဘာလို ချက်ချင်းခေါ်ရမှာလဲ ....
သူလဲ တစ်ယောက်ထဲနေချင် ရှာမှာပေါ့ "
"အမလေး Wang Yi Bo ရဲ့ ဘယ်လိုတွေမေးနေတာလဲ ....
ဟိုက မကြိုက်မှစိုးရိမ်နေတဲ့ပုံ ....
သူ့ကိုတစ်ယောက်ထဲထားရင် အားငယ်မှာပေါ့ဟဲ့ ....
နင်ပဲ တော်တော် ဖြစ်နေတာ""ဟာ မားကလဲ တော်ပြီ သားအပြင်သွားဦးမယ် "
"ညနေ ခလေးကိုသွားခေါ်ရမယ်နော် "
ပြန်မဖြေပဲ အပျော်တွေလွန်ကြူးနေတဲ့ သားငယ်ကိုကြည့်ပြီး ပြုံးမိသည်။
...............................................................................
ကော်ဖီဆိုင်ရောက်တော့ ဆိုင်ထဲမှာ ZhouCheng နဲ့
Yubin က ၂ယောက်သား စကားဖောင်ဖွဲ့နေကြသည်။တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း"ဟျောင့်တွေ ဘာလုပ်နေကြတာလဲ "
သိသိရက်နဲ့မေး လာတဲ့ Yi Bo ကို ZhouCheng တစ်ယောက်စိတ်ထဲကနေ မေတ္တာတွေ လှိုင်လှိုင်ပို့နေလေသည်
Yu bin ကတော့
"ကျွန်တော်တို့ xiaozhan ဆီသတင်းသွားမေးမလို့ တိုင်ပင်နေတာပါ ...
စီနီယာရော coffee လာသောက်တာလား""အင်း ဟုတ်တယ် ZhouCheng ငါတြခားမှာပဲ သွားထိုင်လိုက်မယ် အဲ့လိုမကြည့်ပါနဲ့ သူငယ်ချင်းရယ် "
မျက်စောင်းထိုးနေတဲ့ ZhouCheng ကို ခနဲ့ပြီး ချောင်ကျကျ ဝိုင်းမှာသွားထိုင်နေလိုက်သည်
တကယ်တော့ Yi Bo တစ်ယောက် coffee သောက်ချင်တာမဟုတ်ဘူး အချိန်မြန်မြန်ကုန်ပြီး ညနေရောက်ချင်နေတာ ခလေးကို သူ သွားခေါ်ရမယ် ်ဟုတ်လား
တီတီတီ
"ဟလို မား ..
ဟုတ်ကဲ့သားသွားခေါ်လိုက်မယ်အခု "မျှော်နေတဲ့ အချိန်ရောက်လာတော့ စိတ်ထဲ ကလိကလိနဲ့ xiaozhan တို့အိမ်ရှိရာကို ကားမောင်းသွားလိုက်သည်။