1

3.5K 238 63
                                    

အနက်ရောင်သိပ်သည်းသော ညတစ်ည။

ဂုဏ်ဆိုတာ ငွေ၏ အခြားနာမတော်တစ်ခုလို့သတ်မှတ်တဲ့ လူတွေရှိတဲ့ လောကကြီးမှာ ကျွန်တော်တို့နေကြတယ်။

မွေးကတည်းက ကြောင့်ကြခြင်းအပူဆိုတာမျိုးကို စိတ်ကူးတောင်မယဉ်ခဲ့ဖူးတဲ့ ကျွန်တော့်လို လူသားတစ်ယောက်မှာ ပူပင်စရာဘာမှမရှိဘူးလို့ လူတိုင်းက ခန့်မှန်းကြတယ်။

ကျွန်တော် သူတို့နားက ဖြတ်လျှောက်သွားတိုင်း အားကျခြင်းမျက်ဝန်းတွေနဲ့ ဝိုင်းကြည့်ကြတယ်။

ကျွန်တော့်အရိပ်လေးမြင်လိုက်ရုံနဲ့ အသက်ငယ်တာ၊ ကြီးတာမစဉ်းစားတော့ပဲ ခါးကျိုးမတတ်ဦးညွှတ်တတ်ကြတယ်။

ကျွန်တော်ပြောသမျှဘာမဆို မှန်တယ်လို့ ထောက်ခံကြတယ်။ အဖြူကိုတောင် အမည်းဖြစ်အောင် ပြောတတ်ကြတယ်။

ရင်ထဲကမပါတဲ့ ပေါ့ပျက်ပျက်အတုအယောင်တွေကို ကျွန်တော်ယုံချင်ယောင်ဆောင်ပေးရတဲ့အခါတွေလည်း ရှိတာပေါ့...။ အထူးသဖြင့် Daddy ရှေ့မှာ ကျွန်တော်အမြဲ ပြုံးနေပေးရတယ်။

ကျွန်တော့်အသက် ၃၁ နှစ်ပြည့်မွေးနေ့မို့တဲ့။

သမ္မတအိမ်တော်တစ်မျှ ခမ်းနားလှတဲ့ အပြင်အဆင်တွေရယ်၊ မလိုအပ်ပဲ ပိုပိုသာသာပြုံးနေတဲ့ Daddy ရယ်၊ Daddy အလိုကျစကားတွေပြောရင်း ညီညွတ်ဟန်ပြနေကြတဲ့ ကုမ္ပဏီဒါရိုက်တာအုပ်စုရယ် အပြင်ပန်းကြည့်ရင်တော့ တော်တော်ပျော်ဖို့ကောင်းစရာပါပဲ...။

ကျွန်တော့်ဘဝက အမြဲဒီလိုပဲ။

အာဏာအပြည့်ရှိတဲ့ အချုပ်အနှောင်ခံလို။
ပုံရိပ်ယောင်ပဲပေးနိုင်တဲ့ ကြေးမုံပြင်လို ဘဝမျိုး။ ကိုယ်ပြုံးပြလို့ ပြန်ပြုံးပြတာတောင် ဘယ်ညာလွဲနေတာမျိုး။

ဘယ်သူ့ကိုမှ ရင်ထဲက ယုံလို့မရတော့တာ ကျွန်တော် သိပ်ယုံကြည်လေးစားရတဲ့ မေ​ေ ဆုံးပြီးကတည်းကပါပဲ။

အခုတော့ Daddy ရဲ့အရုပ်။
လူတိုင်းအားကျရတဲ့ မှန်​ေဘာင်ထဲက ကြွေရုပ်လေးပေါ့။

ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ရင်း အတွေးစတို့က ဟိုဟိုသည်သည်။

𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)Where stories live. Discover now