အပြာနုရောင်ရှပ်လက်ရှည်လေးကို သပ်သပ်ရပ်ရပ်လေးဝတ်လိုက်သည်။ လက်ဖျားနားဆီက ကြယ်သီးနှစ်လုံးကိုပါ သေသေချာချာတပ်လိုက်သည်။ မေမေသေချာမီးပူတိုက်ပေးထားတာမို့ အင်္ကျီက အပိုအလိုမရှိကွက်တိ။ အပေါ်က ကုတ်အနက်ကို ထပ်လိုက်တော့ လူက တော်တော်လေးအထာကျနေပြီဖြစ်သည်။မကြာခင်တွေ့ရတော့မည်ဆိုသည့်အသိက လူကို မရိုးမရွကြီးဖြစ်စေသည်။ ကွတ်ကီးကြောင့် လက်ခံလိုက်တာပဲကို ဒီလောက်ရင်တုန်နေဖို့ မလိုပါလေ။
မေမေကတော့ အလုပ်စဝင်တဲ့နေ့ဖို့ အထူးဂရုစိုက်ဖို့ တတွတ်တွတ်မှာနေတာ မနေ့ညကတည်းကပင်။ ခုလည်း မေမေကိုယ်တိုင်ရွေးပေးထားသည့် နက်ပြာရောင်ပေါ်မှာက ရွှေရောင်ပြေးလေးတွေပါသည့် necktie လေးကို နောက်ဆုံးအနေနဲ့ လှလှလေးချည်လိုက်သည်။
မေမေမွေးတည်းက ဖြောင့်တဲ့ကျွန်တော့်ရူပါက အခုဆိုရင် ပြောစရာမလိုအောင် သန့်ပြန့်ကျော့ရှင်းနေပြီဖြစ်သည်။
လူကြီးမျက်လုံးထဲမှာ အဆင်ပြေနေအောင် ဆံပင်လေးကိုတော့ ရှေ့ကိုပင် ခပ်အုပ်အုပ်လေးချထားလိုက်သည်။
လူကြီးက အထက်လူကြီးမို့ အဆင်ပြေနေစေချင်တာပါနော်။ ဟွန်းနီလေးက ရိုးသားတယ်။
အားလုံးပြင်ဆင်ပြီးသည်နှင့် ကိုကြီး အဆင်သင့်ပြင်ပေးထားသည့် ဝန်ထမ်းကတ်လေးကို လည်ပင်းမှာ နေသားတကျချိတ်ဆွဲလိုက်သည်။
ဟွန်းနီတို့များ ဝန်ထမ်းကတ်ပေါ်က မျက်နှာလေးကအစ ချစ်ဖို့ကောင်းနေတာမျိုး။
အရမ်းချစ်လာတာမို့ ကတ်လေးကို တစ်ချက်မွလိုက်သေးသည်။
အခုဆိုရင် ဟွန်းနီလေးက လူကြီးရဲ့ အတွင်းရေးမှူးဆိုတဲ့ ရာထူးနဲ့ အလွန်ဆီလျော်နေတာမို့ သွားရန်အသင့်။
မသွားခင် ဖုန်းလေးကို ကြည့်မိတော့ ထိပ်နားလေးက မီးစိမ်းလေးက တဖျတ်ဖျတ်။
*မင်းလူကြီးလာကြိုလိမ့်မယ် ခဏစောင့် ဟွန်းနီလေး။ ကိုကြီး ညီလေး ဖိုက်တင်း...ကွတ်ကီးနော်🍪*
" အားးးး....လူကြီးကိုယ်တိုင်လာခေါ်မှာတဲ့ Yehet.."
" ဟဲ့....ကောင်လေး။ ဘာဖြစ်တာလဲ အလန့်တကြား "
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.