5

1.4K 153 49
                                    

"ဟိ...ဒီအရောင်လေးက ငါနဲ့လှလိုက်တာ..."

" ဒါလေးကလည်း ငါသာဝတ်လိုက်ရင် ခန့်နေမှာ.."

" အော်ဟော...မင်းလေးကလည်း မဆိုးဘူးပဲကွ "

" ဟင်...ဒါလေးကလည်း တော်တော်မိုက်နေပြန်ပြီ "

" ဟူး....ဝတ်စရာကို မရှိပါလား"

နှစ်ထပ်တိုက်အဖြူလေး၏ အပေါ်ထပ်ရှိ ပန်းရောင်ခြယ်ထားသော အခန်းလေးထဲတွင် အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်။

အနီရောင်ရှပ်အင်္ကျီလေးကိုကိုင်လိုက် ပြန်ချလိုက်၊ နောက် အပြာရောင်လေးဆီရောက်သွားလိုက်၊ အသားရောင်လေးကိုလည်း လက်ကမချ၊ နောက်ဆုံး ဗီရိုတစ်ခုလုံး ဖွပြီးသည်အထိ ဝတ်စရာရှာမရသေးခြင်းဖြစ်သည်။

အားတိုင်း တစ်အိမ်လုံးကို ပတ်ဝယ်ခိုင်းနေသော်လည်း အချိန်တန်ရင် ဝတ်စရာမရှိတော့သော မေမေ့သားလေး အိုဆယ်ဟွန်းပါပဲ။

" အို်ဆယ်ဟွန်းလေးရေ....မေမေ့သားလေး ။ ဒီနေ့ပြင်လို့ပြီးမှာလား....အောက်မှာ သူဌေးစောင့်နေတယ်လို့ ခွေးပေါက်လေးရဲ့"

အိုးခိုင်မော့...!
လူကြီးကလည်း ဒီနေ့မှ ဘာလို့အစောကြီးလာမှန်းမသိပါဘူး။ ဒီနေ့ သူပဲ Company စားပွဲမှာ ဟွန်းနီကို ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ ဒီက အဝတ်တွေ သေချာရွေးနေတာကို ဟွန့်!

Sehun မှာ ခုထိ အောက်ခံဝတ်မယ့် shirt ကိုတောင် အဝါပေါက်ကလေးတွေပါတာဝတ်ရမလား၊ ပန်းရောင်အစက်လေးတွေနဲ့ဟာ ဝတ်ရမလားမသိပါဘူးဆို မေမေ့အသံကြောင့် ပို၍ ပျာယာခတ်နေပြီဖြစ်သည်။

ဟိုလူကြီးရှေ့မှာ လူကိုလည်း ခွေးပေါက်လေးတဲ့ လာခေါ်နေတာ မေမေ့ကို မီဝေါ့။

Sehun နှုတ်ခမ်းတထော်ထော်နဲ့ စိတ်မရှည်တဲ့အဆုံး ​ေမမေထုတ်ပေးထားသည့် ရေညှိစိမ်းရောင် ရှပ်လက်ရှည်လေးနှင့် အနက်ရောင် style pant ကိုသာ ဝတ်လိုက်သည်။ အရမ်းကြီးလူကြီးဆန်နေမှာစိုးလို့ ဆံပင်လေးကို မနည်းဝဲနေအောင် ရှေ့ချလိုက်ရသေးသည်။ အပေါ်က ကုတ်ခဲရောင်လေးကို ထပ်ဝတ်လိုက်တော့ ဟွန်းနီလေးဟာ လုံးဝ Perfect ပါလေ!

𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)Where stories live. Discover now