Sehun ကို နေရာချပေးပြီးသည်နှင့် Jongdae လာပေးထားသည့် တစ်နေ့တာ schedule အတိုင်း Jun စတင်လိုက်သည်။ လက်မှတ်ထိုးစရာရှိတာတွေကို ထိုးပေးပြီး ဒီနေ့အစည်းအဝေးအတွက် ပြောရမည့် အကြောင်းအရာတစ်ချို့ကို အကျဉ်းချုံး ပြန်မှတ်ရသည်။လက်ထောက်တစ်ယောက်လိုတာမှန်ပေမယ့် Jun က အကုန်လုံးကို တစ်ယောက်တည်းသာ လုပ်တတ်သည်။ ရှုပ်ရှုပ်ယှက်ယှက်တွေကို အချိန်မပေးချင်ပါ။
ခိုင်းနေရသည်ထက် ကိုယ်တိုင်ထလုပ်လိုက်ရသည်က ပိုမြန်သည်ဟု မှတ်ယူထားသည်ဆိုလည်း မမှားနိုင်ပါ။ Company တစ်ခုလုံးကို ဦးဆောင်နေရသည်မို့သာ အဖွဲ့အစည်းနှင့် လုပ်နေရခြင်းဖြစ်သည်။ ပုံမှန်အချိန်ဆို တစ်ယောက်တည်းသာ နေလေ့ရှိတာမို့ Jun မှာ သူငယ်ချင်းဟု ခေါ်စရာ Byun Baekhyun အပြင်မရှိ။
အခုတော့ ထိုသူငယ်ချင်းလေးကောင်းမှုကြောင့်ပင် ဟွန်းနီဆိုသည့် ကောင်လေးက ရုံးခန်းထဲထိ ရောက်နေပေပြီ။ ဒီကောင်လေးနဲ့ ဘယ်လိုစခန်းသွားရမလဲလို့ စဉ်းစားမိတိုင်း ခေါင်းခြောက်ရသည်။ သေချာတာတော့ သာမန်ဝန်ထမ်းတွေလို ခိုင်းလို့ရမည်မဟုတ်။ ဖြူဖွေးနုဖတ်နေသည့် သည်ကလေးလေးက ခိုင်းလည်း မခိုင်းရက်စရာလေးပင်။
Jun အလုပ်တွေကို လက်စသတ်ရင်း မျက်စောင်းထိုးက စားပွဲဆီသို့ မျက်လုံးကစားမိသည်။
Jongdae စားပွဲပေါ်တင်ပေးထားသည့် Company ၏ လစဉ်ထုတ်စာစောင်ကို စိတ်ဝင်တစားဖတ်နေပုံရသည့် ကောင်လေး။
သွယ်လျလျလက်ချောင်းရှည်လေးတွေက စာရွက်အနားလေးကို ပြေလျော့စွာ ကိုင်ထားသည်။ သဘာဝဆန်ဆန် စိမ်းညို့နေသည့် မျက်ခုံးလေးတို့ကလည်း ေဖြာင့်တန်းလျက်။ တစ်ချက်တစ်ချက် မျက်မှောင်ကျုံ့လိုက်ေသးတာမို့ စိတ်ဝင်စားနေပုံပေါ်သည်။ ပန်းရောင်ပြေးသော နှုတ်ခမ်းပါးလေးတို့က ပြုံးယောင်သန်းနေသည်ကိုလည်း Jun အမှတ်မထင် မြင်လိုက်ရသေးသည်။
ထို့ကြောင့်လည်း ပြုံးမိပါသေးသည်။လုပ်စရာအထွေအထူးမပေးထားသည်မို့ တစ်နေ့လုံးပျင်းနေရော့မည်။ ထိုထက်ဆိုးသည်က Jun ကို Company ကလူတွေ တစ်မျိုးထင်ကြမှာကိုပင်။ အရင်တစ်ခါ Lee Minyoung ဆိုသည့် မိန်းကလေးကို လက်ထောက်ခန့်ဖို့ ဝိုင်းထောက်ခံကြတုန်းက Jun အသည်းအသန်ကန့်ကွက်ခဲ့ဖူးသည်။
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.