Ting Tong~
စောစောစီးစီး ဘဲလ်ကို အဆက်မပြတ်တီးနေတာမို့ Jongin ဘယ်သူမှန်းတန်းသိလိုက်သည်။ တံခါးဖွင့်တာ နောက်ကျရင် ချော့နေရမှာစိုးတာမို့ အိပ်ရာထဲကနေ အလူးအလဲထရင်း တံခါးဆီသို့ပြေးရသည်။
Jongin အဖြစ်က ကိုယ့်အိမ်ကိုယ်နေပြီး သူများကို ကြောက်နေရသည့်ဘဝ။
" ဘာလဲကွာ....စောစောစီးစီး!"
Jongin တံခါးကို ဖွင့်ရင်း ဦးအောင် ဟောက်လိုက်သည်။ မနေ့ကလည်း သူ့ကိုယ်ကြီးကို ကုန်းပိုးပြီး ပြန်ပို့ခဲ့ရတာမို့ အစာကမကျေချင်သေးပါ။
" ဟီး....ဂျုံအင်နီလေးကလည်း။ ဆယ်ဟွန်းဟွန်းက လာချော့တာဟာကြီးကို။ ဒီမှာကြည့်စမ်း....မေမေက ငါ့ အတွက်ဆိုပြီး လုပ်ထားတဲ့ ချောကလက်ကိတ်လေး ငါက မစားရက်လို့ တူတူစားဖို့ ယူလာတာဟာ။ "
နီရဲနေသည့် နှုတ်ခမ်းသေးသေးလေးကို လှုပ်စိလှုပ်စိနှင့် ပြောနေသည့်ပုံလေးက ချိုလိမ်တပ်ပေးချင်စရာ။
Sehun က ငယ်ငယ်တည်းက ကျွန်တော်တို့ထဲမှာ Aegyo အပေါဆုံးနဲ့ ပြသနာအရှာဆုံးလေး။
သူငယ်ချင်းသုံးယောက်ထဲမှာတောင် သူက အငယ်ဆုံးမို့ ကျွန်တော်နဲ့ ယောလ်က အမြဲအလိုလိုက်ခဲ့ရတာ။
" Jongin....မင်း ဘာတွေကြောင်ကြည့်နေတာ..?"
အတွေးလွန်နေသည့် Jongin က မျက်လုံးရှေ့တဖျက်ဖျက်လက်နေသည့် ချောကလက်ကိတ်လေးကို မြင်မှ သတိပြန်လည်လာသည့်ပုံပင်။
Sehun သိတာပေါ့။ ဒီကောင်က ချောကလက်ဆို သေမလိုချစ်ရှာတာ။
Sehun က နို့သောက်တိုင်း သူကတော့ ချောကလက်ပူပူပဲသောက်တတ်တာ။
" အာ...အင်း ငါ အိပ်ရေးမဝလို့ ။ မင်းက အစောကြီးလာနှိုးတာကိုး "
" ဟီး...မင်းကို လာချော့တာဟာကြီး "
သွားဖွေးဖွေးလေးတွေကို စီတန်းနေအောင် ရယ်ပြလာသည့် ဟွန်းနီက တကယ်ကလေးလေးလိုပင် ။
" Jongin....သူငယ်ချင်းကို အိမ်ထဲခေါ်လေ။ အိမ်အဝကြီးမှာ....လာ ဟွန်းနီလေး "
" ဟုတ် ကိုကြီး..."
Jongin ကို ပုခုံးချင်းတိုက်ပြီး တွေ့လားဆိုသည့် ပုံနှင့် အနိုင်ပြုံးကြီးပြုံးပြရင်း အိမ်ထဲသို့ ဝင်သွားသော Sehun ကြောင့် Jongin ပြုံးလိုက်မိသည်။
Sehun က ကိုကြီးရဲ့အချစ်တွေကိုလည်း Jongin ထက်ပင်ရထားသေးသည်။ သူ့လို မချွဲတတ်တဲ့ Jongin ကြောင့်ပင်ဖြစ်လိမ့်မည်။
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.