" အား....ကျွတ်..ကျွတ်""ခေါင်းတွေကိုက်လိုက်တာကွာ "
ငှက်သိုက်ပုံဆံပင်တို့အား ထိုးဖွကာ ကပိုကရိုနှင့် အိပ်ရာမှအလူးအလဲထလာသူမှာ အခြားသူတော့မဟုတ်။ မနေ့က party မှာ တစ်ခါမှမသောက်ဖူးတဲ့ အကောင်းစားအရက်တွေသောက်ပြီး ရုပ်ပေါက်ခဲ့သည့် အိုဆယ်ဟွန်းလေးပင်ဖြစ်သည်။
ခေါင်းတင်မဟုတ်ပဲ တစ်ကိုယ်လုံးကိုက်ခဲနေတာမို့ Sehun လှုပ်ပင်မလှုပ်ချင်ပါ။ အရင်ဆို သောက်တိုင်း Jongin က အနားက လိုက်ထိန်းပေးနေကျမို့ limit မကျော်ခဲ့ဖူးပေမယ့် မနေ့က သောက်မိတာတော့ တော်တော်ကိုများမှန်းသိသည်။ အနားက နှိုးစက်က auto ဖြစ်နေလို့သာ နိုးခြင်းဖြစ်သည်။ မထချင်လည်း အလုပ်က ရှိသေးတာမို့ ဖြေးဖြေးချင်းထိန်း၍ ထကာ ရေချိုးခန်းသို့ အရောက်သွားရသည်။
ရှိသမျှအားလေးသုံးကာ သွားတိုက်တံကို ပါးစပ်ထဲသွင်းလိုက်သော်လည်း အရင်လို လီမွန်န့ံလေးက ပါးစပ်ထဲရောက်မလာပါ။
Sehun မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နှင့် ဖွင့်ကြည့်တော့မှ သွားတိုက်တံက သွားတိုက်ဆေးမှ မထည့်ရသေးပဲ။
" ဟူး.....အရေးထဲ"
ငြီးငြူရင်း အနားက ဘူးထဲက အဖြူရောင်ဆေးတစ်ချို့ကို ညှစ်ထုတ်လိုက်သည်။
" အားရှီး.....သေပါပြီ!"
တကယ်တော့ Sehun ညှစ်လိုက်မိတာ မေမေ့ရဲ့ မျက်နှာသစ်ဆေးဗူးဖြစ်နေသည်။ မိုးလင်းတည်းက လွဲနေရသော အိုဆယ်ဘူးရယ်ပါ။
ရေချိုးပြီး နည်းနည်းလန်းလာသလိုရှိပေမယ့် ခေါင်းကြီးကတော့ အုံခဲနေဆဲမို့ မေမေ့ကို သံပုရာရည်လေး ဖျော်ခိုင်းရမည်။ အရင်လို လာမနှိုးတည်းက Sehun မေမေ စိတ်ဆိုးနေမှန်း ရိပ်မိပါသည်။ Sehun အရင်က သောက်ပေမယ့် Jongin နဲ့ အတူတူမို့ မေမေက သိပ်မဆူခဲ့။ ပြီးတော့ တစ်ခါမှလည်း ဒီလောက် အများကြီးမသောက်ဖူးဘူးလေ။
အယ်....ခုမှသတိရတာ!
ညက ငါ့ကို ဘယ်သူလိုက်ပို့တာ!
ကိုယ့်ဘာကိုပြန်လာတာလား?
Jongin ကတော့ လာမခေါ်လောက်ဘူး။
ကိုကြီး Baekhyun များလိုက်ပို့တာလား ?
ရှုပ်ပါတယ်ကွာ!
ပို့ချင်တဲ့သူပို့ အိမ်ရောက်ပြီးတာပဲ။
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.