" အား.....ကလေးကို မင်း ဘာတွေသွားလုပ်မိတာလဲ Kim Junmyeon ရာ..."
နက်စွေးနေသည့် ကုတင်ပေါ်ကန့်လန့်ဖြတ်လှဲရင်း ခေါင်းကိုသာ တဗြင်းဗြင်းကုတ်နေမိသည်။ တကယ်ပဲ ဘာတွေလုပ်ခဲ့မိသည်မသိ။ နီဖူးနေသည့် နှုတ်ခမ်းပိစိလေးက တစာစာပြောနေသည့် စကားတို့ကိုပင် ဆုံးအောင် နားမထောင်နိုင်တော့သည်အထိ ဘယ်အရာက ဆွဲအားပြင်းခဲ့သည်မသိ။
Jun ကိုယ်တိုင် တစ်ခါမှ မခံစားဖူးတာမို့ ဘာရယ်သေချာမပြောနိုင်သေးပါ။ သေချာချင်မိသည့် ခံစားချက်တစ်ချို့ကိုတော့ ခေတ္တမြိုသိပ်မိသည်ထင်၏။ Jun ဘဝက အမြင်ထက် အပြင်က ပိုဆိုးသည်မလား။~Vibrate~
" ဟုတ် Daddy....."
"nnnbbnJunmyeon...မင်း ဒီည 12 နာရီ flight နဲ့ ္ nnnbn nada ကို သွားရမယ်။ ငါ့ကိုယ်စားမို့ သေချာဂရုစိုက်။ တွေ့ရမယ့်သူရယ် အကြောင်းအရာရယ်ကိုတော့ Email ကတစ်ဆင့်ပဲ ပြောလိုက်မယ်"
" ဗျာ ...ဟို"
" အေး...မျက်နှာမပျက်ပါစေနဲ့။ စိတ်ချမယ်"
" ဟုတ်ကဲ့ပါ Daddy စိတ်ချလို့ရပါတယ်"
" ကောင်းပြီ"
အခန်းတစ်ခန်းသာခြားတဲ့ သားအဖချင်း ဖုန်းကတစ်ဆင့် ဆက်သွယ်ရခြင်းက တစ်ခြားသူတွေအတွက် ဟာသဆန်နိုင်ပေမယ့် Jun အတွက်တော့ အမှန်တရားခါးခါးတစ်ခုသာ။
ဒီနေ့ ဒီအချိန်ထိ Jun ဖေဖေ့ဆီက မေတ္တာတရားကလွဲရင် ဘာမှမမျှော်လင့်ခဲ့ဖူးပေမယ့် ခုချိန်ထိ မရဖူးသေးတာကလည်း ထိုအရာပါပဲ။
" ဟူး.."
ခပ်ပြင်းပြင်းလေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကျောက်အဖြူလေးတွေကွပ်ထားသည့် ဒိုင်ခွက်အနက်လေးကို ကြည့်လိုက်တော့ လက်တံအသေးလေးက 10 သို့ပင် ပြနေပြီ။
အဝတ်အစားကတော့ အထူးအထွေပြင်စရာမလိုတာမို့ ရေချိုးပြီးထွက်လျှင်ရလောက်သည်။ Daddy အစားသွားရမှာမို့ အချက်အလက်တွေသာ သေချာသိဖို့လိုမည်။ ကျန်တာတွေအားလုံးက ပိုက်ဆံဖြင့်ဖြေရှင်းလို့ရသည်လေ။ ညစာကတော့ အစတည်းက စားချင်စိတ်မရှိတာမို့ တွေးမနေတော့။ စိတ်နည်းနည်းကြည်စေရန်သာ ရေစိမ်ချိုးရန် ဆုံးဖြတ်လိုက်သည်။
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.