....
Zawgyi::
..
"ကိုယ် ယုံကြည်လို့ရမလား..
သေမင်းမှာ အကြံအစည် မရှိပါဘူးလို့ ??''တစ်လုံးချင်း ပြောသည့်
လှိုင်းထသော အသံဟာ ငြင်သာခြင်းဝါစဉ်ဖြင့် ရင်ကွဲဂုဏ်မြောက်သည်..။" ကိုယ့်လက်ကနေ မင်းကိုသူခေါ်သွားခဲ့တာ
သူ့မှာ အကြံအစည်မရှိဘူးလို့ ယုံရမတဲ့လား??''လက်ထဲတွင် ပူနွေးဆဲ ဖြစ်သော
ရှင်သန်ခြင်းမြစ်ကိုလွန်၍ သေဆုံးခြင်းနယ်မြေသို့ ခရီးဆက်သွားခဲ့သော ချစ်သူ၏ နာမ်မဲ့ ကိုယ်ငယ်နှစ်ခြိုက်စွာ အိပ်မောကျနေပုံက မကြာမီ ပြန်နိုးထလာမည့်အလား...
ရွှန်းစိုညံ့သက်နေသည့် နှင်းဆွတ်သည့် နှင်းဆီဖြူပန်းလေးကဲ့သို့...ရှိနေဆဲ.." ဘာလို့များ ??''
ရိုမီယို၏ ကြေကွဲခြင်းကိုသယ်ပိုးထားသော မျက်ဝန်းဖျော့ဖျော့ များသည် မမြင်ရသည့်သေခြင်းကို သာ အပြစ်တင်လိုသည့်ပမာ ရှာဖွေနေဟန်ရှိသည်..။
လက်ထဲမှ နာမ်မဲ့သွားပြီဖြစ်လေသူ ဂျူလိယက် အား မြင်သယောင် မမြင်သယောင်..
" ကိုယ့် အချစ်ရယ် ''
ထားရက်ခဲ့သည့် ချစ်သူအား သူဒီစကားမှလွဲ၍ အပြစ်မတင်ရက်ရှာ...
စိုလဲ့နေတဲ့မျက်ရည်တို့သည်သာ တိမ်ဖွက်ထားသည့်မိုးစက်များပမာ ...ကြေကွဲခြင်းကိုထုပ်ပိုးထားသော မျက်ရိပ်တို့သည် ဘုန်းတော်ကြီးပေးခဲ့သည့် တမလွန်မြန်းဆေး သို့အရောက် အရောင်ပြောင်းသွားခဲ့ပြီ..၊
" မင်းကို နောက်ဆုံးအကြိမ်ပွေ့ဖက်ပြီးတဲ့အခါ
ကိုယ်လည်းမင်းနဲ့အတူ.လေ.''ရိုမီယို သည် ဆေးပုလင်းအား ဆုပ်ကိုင်လိုက်သည်နှင့် နှင့် ပြဇာတ်အား ကြည့်ရှုနေသည့် သူအပေါင်းသည် အသက်ရှုဖို့ ခေတ္တမေ့သွားကြသည်..။
ပြဇာတ်ရဲ့ အထွက်အထိပ် ဖြစ်သော ဤဇာတ်ဝင်ခန်းသည် ရိုမီယိုအား အချစ်သူရဲကောင်းအဖြစ် ရာဇဝင်တွင်စေခဲ့သည့် အပိုင်းအခြားပင်မလို့..