Zawgyi..
ခဏတာဆုံတွေ့ ရမယ့်လူတစ်ယောက်ကို စိတ်ထဲမထည့်ဖို့ ဆိုတာ
အချိုကုန်သွားတဲ့ပီကေတစ်ခုကို ၀ါးထုတ်လိုက်သလို သိပ်လွယ်ကူမှာပဲလို့ ဒီလိုပဲ
မိုက်မိုက်မဲတွေးခဲ့ဖူးပါတယ်......
" မဟုတ်သေးဘူး..''
ဆေးရုံဝန်ထမ်းတွေကြား အပြေးလွှား အသက်လုနေရတဲ့ လူတစ်ယောက်ကို မြင်ချိန်..
လွိုင်ဇက်ရဲ့ မရှိခဲ့ဖူးသော ဘယ်ဘက်ခြမ်းရှိ... အစိုင်အခဲအစုအဝေးတစ်ခုသည် ဆတ်ဆတ်ခါ နာကျင်သွားခဲ့သည်..။အောက်ဆီဂျင်အဖုံးတွေကြား ချွန်သွယ်တဲ့မေးရိုးထင်းကတစိုးတစ်မျှသာ ထိုးထွက်နေသည်..။
အမြဲလိုလို ပြုံးရယ်ပြလေ့ရှိသော နှုတ်ခမ်းတွေဖြူကာဆုတ်နေခြင်းက တကယ်ကို အဆင်ပြေမနေ..
သွေးစတို့ကပ်ညိနေတဲ့ ရွှေရောင်ဖျော့ဖျော့ဆံနွယ်တွေကရော ဒီလောက်ထိ ကြည့်ရဆိုးလား?
မှန်ရာကိုဆိုရလျှင်..
လူတွေပြည့်သော ဆးရုံခန်းကျယ်ထဲ အပြေးအလွှားသယ်လာတဲ့တစ်ခုတည်းသော လူနာတင်လှည်းပေါ်က သွေးစတို့ လွှမ်းအပ်သောရွှေရောင်ဆံပင်တွေ မတွေ့ ခင်အထိ
အလျင်စလို ဒီလုပ်ရပ်ဟာ
နောင်တ တစ်ခုထက်ပိုသောအရာ ဖြစ်နေမှန်း
လွိုင်ဇက် မတွေးမိခဲ့ပါ။ဒီနေ့ မနက်ဆိုသော အချိန်ကာလမှာတင် ကျောခိုင်းသွားသည့် အစိမ်းရင့်ရောင် ရှပ်တစ်ထည်ရဲ့ နှုတ်ဆတ်ခြင်းဟာ
ထာဝရအတွက်ဖြစ်သွားခဲ့မယ်ဆိုရင်..
"ပြန်လာခဲ့စမ်း.!!!''
တစ်ချိန်လုံးငြိမ်နေရင်းမှ ထဖောက်သည့်သူ့ကို အလန့်တကြားလှည့်ကြည့်ကြပေမဲ့ သူမမှု..
"ကုသမှာမလို့ လူနာရှင်တွေထွက်ပေးပါရှင့်''
သူနာပြုဆရာမရဲ့ စကားတွေလျစ်လျူရှုကာ တွဲလောင်းကျနေတဲ့လက်ရှည်ရှည်တွေကို အမိအရဖမ်းဆုပ်ပစ်လိုက်သည်..။
အေးစက်နေတဲ့လက်တစ်ဖက်က အရင်လိုသူ့ အားပြန်လည် ဆုပ်ကိုင်လာခြင်းမရှိ..။
ဒါကို ငါတကယ်သဘောမကျဘူး..ဒုတိယလူ
ပြန်လာခဲ့ မင်းပြန်လာရင် မင်းလိုချင်တာ ဘာမဆိုလုပ်ပေးမှာမလို့ ပြန်လာခဲ့ ကြားလား..