Zawgyi.
သိတယ်
သူ့ နားက မထွက်သွားခဲ့ရင် နောင်တရနိုင်မယ်ဆိုတာ
ဒါပေမဲ့ ထွက်သွားခဲ့ရင်တော့ သေချာပေါက်နောင်တရလိမ့်မယ်...အခန်း(5)
တစ်ချက်တစ်ချက် လှည့် ကြည့်လာတဲ့မျက်ဝန်းဖျော့ဖျော့တွေဟာ
လွိုင်ရဲ့ ပေါ်ပေါ်တင်တင် အကြည့်များနဲ့ လေဟာနယ်တွင် မှတ်တိုင်မရှိတိုင်း ဝင်ဝင်တိုက်လေတိုင်း ဘေးကလေထု သည်ပိုနူးညံ့နွးထွေးသွားခဲ့သည်။
ပွန်းပဲ့နေတဲ့ရှရာသေးသေးလေး မေးရိုးဖြောင့်ဖြောင့်ထက်တည်ရှိနေခြင်းက အနည်းငယ်လူသားဆန်ကာ ပိုလို့ကြည့်ကောင်းသွားသယောင်မလို့ ဒီလူသားရဲ့ဆုတောင်းကောင်းပုံက ဘယ်လိုမျိုးပါလိမ့်..ဟု
လွိုင်တွေးမိနေရင်း
ထပ်မံ အကြည့်ချင်းဆုံ သွားပြန်လေတဲ့အခါ အနည်းငယ်ရဲ နေပုံရတဲ့ နှုတ်ခမ်းပါးတွေက လွိုင်ကို ခပ်ဖွဖွ အပြုံးလေးတစ်ခုပေးလို့ လာသည် ။
သူ့ကိုယ်သူ တော်ရုံတန်ရုံ ရင်ခုန်စရာကောင်းတယ်များထင်နေလားမသိ..
"ဒေါက်.''
ကုတင်ပေါ်ကလူနာနှင့် ဘေးတွင်ရပ်နေသည့်လူနာရှင်ဆိုသူ နှစ်ဦးရဲ့ အချစ်လမ်းလေးကြား
ကျောက်ခဲဖြစ်နေသည့်
အပိုလူဆရာဝန်ကြီးနှင့်သူနာပြုဆရာမလေးသည် ဆေးကိုအမြန်ချိန်ကာ ဆေးရည်အသစ်လဲနေသည်က မြန်ဆန်လှစွာ..သည်မှာ"အတော်လေးသက်သာနေပြီမလို့ အိမ်မှာပဲအနားယူပြီးဆေးကုသလည်းရပါတယ် '
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသူနှစ်ဦးကအဖက်ပင်လှည့် လုပ်မလာ..
"ဟုတ်ကဲ့ ပါဗျာ.''
ဆရာဝန်ကြီးသည်နောက်ကနေ ဝင်ဖြေပေးသည့် အိမ်တော်ထိန်းကြီး ဦးခန့်ကို အရည်လဲ့နေတဲ့မျက်လုံးများနဲ့ အားတတ် စွာ ကြည့်လေသည်..။
"လိုအပ်တဲ့ဆေးစာတွေ လိုက်ယူပါ'
ခေါင်းငြိမ့်ရင်း
လူနှစ်ဦးသာကျန်ရှိသည့် အခန်းတံခါးလေးကို ဦးခန့် အသာလေး စေ့ပေးလိုက်သည် ။