မျက်နှာဖုံးနဲ့တူတဲ့အချစ်မှန်း သိပေမဲ့
ဒီနေ့လည်း
ငါ မင်းဆီက ထွက်မသွားနိုင်ခဲ့ဘူး....
2018 နွေဦး..
အဦးဆုံးအရာကိုလူတွေတော်တော်များများမှတ်မိတတ်ကြသလိုပဲ လွိုင်နဲ့ သူရဲ့ပထမဆုံးခရီးစဉ်မှာ မေပလ်ရွက်အလံလှလှလေးနှင့်ကနေဒါမြောက်ပိုင်းဖြစ်သည် ။
.သူနဲ့ ကျွန်တော် ၂၁ပြည့်ပြီးတဲ့အချိန် မတ်လရဲ့ ပထမပတ်လောက်.နေရောင်ခြည်က နွေးတယ်ဆိုရုံ..။ ကနေဒါနိုင်ငံရဲ့ ဂျုံရိုင်းတွေက ထိုးထိုးထောင်ထောင် ..။ ဘေးကသူ့ ရွှေရောင်ဖျော့ဆံပင်တွေအလား လွိုင် တစ်ချက် ဟက်ကနဲရယ်တော့ သူကလည်းသိဟန်တူ မှုန်ကုတ်ကုတ်ပြန်ကြည့်လာ သည် ။
ထို့ နောက်သူ့ မျက်ဝန်းညိုတွေအရောင်ဖျော့သွားပြန်သည် ။
"သေချာလား.."
ဒါမြန်မာပြည်ကထွက်လာပြီးထဲက အကြိမ်ရေတစ်ရာမြောက်နေတဲ့အက်ကြောင်းထပ်စကား ။
သို့ သော်လွိုင် စိတ်မတိုရက်ပါ။ ငွေနဲ့ ပြည့်စုံအောင်ထားနိုင်မှ ဘာမဆိုဖြည့်ဆည်းပေးနိုင်မှ လွမ်းရိပ်သည်သူ့ အနားနေရတာ ပျော်မည်ဟူသော ကြောက်တတ်တဲ့ကလေးငယ်လေးလို သူဆွဲကိုင်ထားတဲ့အစွဲက လှောင်စရာတကယ်မကောင်း..။
နှစ်နှစ်ဆယ်နီးပါးသူရခဲ့သောစိတ်ဒဏ်ရာကနေ ဒီအထိ သူခက်ခက်ခဲခဲ ရောက်လာနိုင်တာကပင် တော်လှနေပါပြီ။
"လွမ်းလိုချင်တာ ကိုယ် မပေးနိုင်ရင်
ကိုယ်လေ"သူ့ အဖေကစိတ်တိုတိုနဲ့ အဆက်သွယ်ဖြတ်လျှင်တောင် သူ့ အမေထားခဲ့သည့်အမွေတွေက ကမ္ဘာကို သုံးခေါက်လောက်ပြန်ပတ်နိုင်သည်ကို တကယ်ပဲ ။
အနည်းငယ်ချွေးထွက်နေတဲ့လွိုင့်ပါးတွေ ကြည့်ရင်းလဲသူစိတ်တိုင်းမကျ..။သက်ပြင်းတချချ။
လွမ်းရိပ်နှလုံးအားနည်းတာက စိတ်ဖိစီးမှုကသာသက်သက်ဖြစ်ပြီး အခုလို လမ်းလျှောက်ပေးတာက ပိုပြီးကျန်းမာကြောင်းသူမသိတာလည်းမဟုတ်..။
"ငါလှည့်ပြန်လိုက်ရတော့မလား"
ခေါင်းကိုတွင်တွင်ခါသည် ။